Thursday, March 13, 2008

တဖက်လပ်များနှင့် နံနက်စာစားခြင်း


“ တဖက်လပ်များနှင့် နံနက်စာစားခြင်း ”

ခြေထောက်တွေက လမ်းမှန်လျှောက်တာတောင်
ခလုတ်တွေက ကန့်လန့်လာလာတိုက်
လမိုက်ညမှာမှ
ငါက မီးအိမ်ပျောက် လိုက်ရှာ
မိုးတွေကတော့ သည်းသည်းမည်းမည်း
နားဖာကလော်နဲ့ ခံယူတဲ့ ငါ့ရေစက်က
တိမ်တယ်
တခင်းလုံး ရိတ်သိမ်းထားပေမဲ့
ကောက်သင်းကောက်တဲ့ လယ်သူမ
တ၀မ်းစာတော့ ဖူလုံလေရဲ့
ရေငုံနှုတ်ဆိတ်နေတိုင်း
ဝန်ခံခြင်း လည်ဆွဲချိတ်ပေးရင်
မင်းကို ငါ တံခါးစောင့်ခန့်မယ်
အတွေးတွေက ကယောက်ကယက်
ငါ့မနက်စာတိုင်းကို
ငရမန်ကန်းတွေနဲ့ပဲ ၀ိုင်းဖွဲ့စားသောက်မယ်
တခုတော့ ရှိတယ်
ဆင်စွယ်နဲ့ ခင်းတဲ့ အကျွေးအမွေး
ဘယ်ကန်းတွေတော့ မပါကြေးပေါ့ ..

ချီရွန် ( ပုလဲ )

No comments yet