Saturday, May 17, 2008
မီးပြတင်း
“ မီးပြတင်း ”
မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းငွေ့မှာ
မီးတောက်တို့ ပွင့်ချီပျံသန်း
ဟောဒီ အလွမ်းတစ္ဆေကိုက
ငါဘ၀ကို အရိပ်လိုမိုးတယ်
အချစ်ကွယ်ည
အိပ်နေကျ ကုတင်တောင်
ယဇ်ပလ္လင်ယောင်ဆောင်လို့
ငါကိုက
ကိုယ့်ရင်နဲ့ကိုယ် မှောင်ခဲ့တာကိုး
အချစ်ဆိုတာ ဘာလဲ
အမုန်းဆိုတာ ဘာလဲ
ဧဒင်ဥယျာဉ်က ပန်းသီးထက်
မင်းရယ်သံလေးကိုပဲ ငါ လွမ်းတတ်ခဲ့တာပါ
သုံးလွန်းမတင်နိုင်ခဲ့တော့လည်း
ဒီကြိုးက ဘယ်ကြိုးပီသတော့မလဲလေ
အချစ်ကို ဖတ်တတ်ရုံနဲ့
ဝေါဟာရ မကြွယ်တော့
နဖူးစာကလဲ ရွာမလည်တတ်ဘူးထင်ပါရဲ့
ကိုယ်စိုက်ခဲ့တဲ့ ပန်းကို နမ်းခွင့် မရရင်
ဥယျာဉ်မှုး မလုပ်ချင်တဲ့ လူမိုက်
ပန်းတပွင့်ရဲ့ ရနံ့ကို
သိမ်းပိုက်ခွင့်မရှိတာ သဘာဝကျပါတယ်
ကောင်မလေးရေ
မင်းပျော်ရွှင်အေးချမ်းပါစေ
ချီရွန် ( ပုလဲ )
မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းငွေ့မှာ
မီးတောက်တို့ ပွင့်ချီပျံသန်း
ဟောဒီ အလွမ်းတစ္ဆေကိုက
ငါဘ၀ကို အရိပ်လိုမိုးတယ်
အချစ်ကွယ်ည
အိပ်နေကျ ကုတင်တောင်
ယဇ်ပလ္လင်ယောင်ဆောင်လို့
ငါကိုက
ကိုယ့်ရင်နဲ့ကိုယ် မှောင်ခဲ့တာကိုး
အချစ်ဆိုတာ ဘာလဲ
အမုန်းဆိုတာ ဘာလဲ
ဧဒင်ဥယျာဉ်က ပန်းသီးထက်
မင်းရယ်သံလေးကိုပဲ ငါ လွမ်းတတ်ခဲ့တာပါ
သုံးလွန်းမတင်နိုင်ခဲ့တော့လည်း
ဒီကြိုးက ဘယ်ကြိုးပီသတော့မလဲလေ
အချစ်ကို ဖတ်တတ်ရုံနဲ့
ဝေါဟာရ မကြွယ်တော့
နဖူးစာကလဲ ရွာမလည်တတ်ဘူးထင်ပါရဲ့
ကိုယ်စိုက်ခဲ့တဲ့ ပန်းကို နမ်းခွင့် မရရင်
ဥယျာဉ်မှုး မလုပ်ချင်တဲ့ လူမိုက်
ပန်းတပွင့်ရဲ့ ရနံ့ကို
သိမ်းပိုက်ခွင့်မရှိတာ သဘာဝကျပါတယ်
ကောင်မလေးရေ
မင်းပျော်ရွှင်အေးချမ်းပါစေ
ချီရွန် ( ပုလဲ )
No comments yet