Tuesday, May 20, 2008
အပ်ချုပ်သည်မလေး
“ အပ်ချုပ်သည်မလေး ”
ကောင်မလေးရေ
ကိုယ့်ရင်နဖားပေါက်ထဲ တိုးဝင်လာတဲ့
မင်းမျက်ဝန်းကြိုးတွေ
ခိုင်မြဲ တင်းနှောင်လွန်းလှချည်ရဲ့ကွယ်
( မင်းဟာ ဘယ်လိုအပ်ချုပ်သည်ပါလိမ့် )
ကိုယ့် နှလုံးသား ရှပ်အင်္ကျီလေးပေါ့
အိတ်ကပ်တွေ မပါဘူး
ဆေးသားတွေ မပါဘူး
စတစ်ကာတွေ မပါဘူး
စာတန်းတွေ မပါဘူး
ကြယ်သီးစိမ်းတွေ မပါဘူး
လူတွေဟာ
ကိုယ့်ရင်ပြည့်စေတဲ့ အစာကို
မကြေဘူး ဘာသာနဲ့ ကြွေးကြော်ကြတယ်
ကိုယ့်ရဲ့ အပ်ချုပ်သည်မလေးရေ
မင်းမျက်စောင်းတွေ ကြေပါစေ
နှုတ်ခမ်းစူစူတွေ ကြေပါစေ
ခြေစောင့်သံလေးတွေ ကြေပါစေ
ရန်တွေ့သံလေးတွေ ကြေပါစေ
မကျေနပ်မှုတွေ ကြေပါစေ
မင်းစိတ်နဲ့ ကိုယ့်အင်္ကျီမှာ
သုံးရာသီစာ လုံခြုံနွေးသက်
အလွမ်းလေတောင် မသလပ်ပါစေနဲ့
မင်းရဲ့ သံယောဇဉ် တစွန်းတစနဲ့
တဘ၀စာ ကာထွေး
ကိုယ့် ရင်လွှာပေါက်လေး သေးပါစေ
အားလုံးပြီးဆုံးသွားခဲ့ရင်တောင်
ချုပ်ခဲ့တဲ့ကြိုးတွေကို ဖြတ်တောက်မပစ်ပါနဲ့
မင်းကိုချစ်စိတ်နဲ့ ရင်ငိုပြုံး
ကဗျာလက်နဲ့ ငါ ထုံးထားချင်လို့
နှလုံးသား တည့်တည့်ကိုမှ
မင်းလိုဂို ထည့်ချင်တဲ့
ကိုယ့်ရဲ့ အပ်ချုပ်သည်မလေးရေ
ရိုးရိုးလေးပါပဲ
အရမ်းချစ်တယ်
ချီရွန် ( ပုလဲ )
ကောင်မလေးရေ
ကိုယ့်ရင်နဖားပေါက်ထဲ တိုးဝင်လာတဲ့
မင်းမျက်ဝန်းကြိုးတွေ
ခိုင်မြဲ တင်းနှောင်လွန်းလှချည်ရဲ့ကွယ်
( မင်းဟာ ဘယ်လိုအပ်ချုပ်သည်ပါလိမ့် )
ကိုယ့် နှလုံးသား ရှပ်အင်္ကျီလေးပေါ့
အိတ်ကပ်တွေ မပါဘူး
ဆေးသားတွေ မပါဘူး
စတစ်ကာတွေ မပါဘူး
စာတန်းတွေ မပါဘူး
ကြယ်သီးစိမ်းတွေ မပါဘူး
လူတွေဟာ
ကိုယ့်ရင်ပြည့်စေတဲ့ အစာကို
မကြေဘူး ဘာသာနဲ့ ကြွေးကြော်ကြတယ်
ကိုယ့်ရဲ့ အပ်ချုပ်သည်မလေးရေ
မင်းမျက်စောင်းတွေ ကြေပါစေ
နှုတ်ခမ်းစူစူတွေ ကြေပါစေ
ခြေစောင့်သံလေးတွေ ကြေပါစေ
ရန်တွေ့သံလေးတွေ ကြေပါစေ
မကျေနပ်မှုတွေ ကြေပါစေ
မင်းစိတ်နဲ့ ကိုယ့်အင်္ကျီမှာ
သုံးရာသီစာ လုံခြုံနွေးသက်
အလွမ်းလေတောင် မသလပ်ပါစေနဲ့
မင်းရဲ့ သံယောဇဉ် တစွန်းတစနဲ့
တဘ၀စာ ကာထွေး
ကိုယ့် ရင်လွှာပေါက်လေး သေးပါစေ
အားလုံးပြီးဆုံးသွားခဲ့ရင်တောင်
ချုပ်ခဲ့တဲ့ကြိုးတွေကို ဖြတ်တောက်မပစ်ပါနဲ့
မင်းကိုချစ်စိတ်နဲ့ ရင်ငိုပြုံး
ကဗျာလက်နဲ့ ငါ ထုံးထားချင်လို့
နှလုံးသား တည့်တည့်ကိုမှ
မင်းလိုဂို ထည့်ချင်တဲ့
ကိုယ့်ရဲ့ အပ်ချုပ်သည်မလေးရေ
ရိုးရိုးလေးပါပဲ
အရမ်းချစ်တယ်
ချီရွန် ( ပုလဲ )
ကျွန်တော် သိပ်ပြီး ချစ်မြတ်နိုးရပါသော ချစ်သူ ငယ်လေး သို့
No comments yet