Thursday, May 29, 2008
တစ်ချောင်းငင်
“ တစ်ချောင်းငင် ”
ဘယ်သူပြောလဲ
ဒီနှုတ်ခမ်းတွေက
အသည်းမခွဲတတ်ဘူးလို့
ချစ်သူ့ အသံကြားရုံနဲ့
ကံကို ယုံခဲ့တဲ့ ငါ
အလွမ်းတွေပေါ် ရဲရဲဝံ့ဝံ့ခြေချ
( နှလုံးသားက )
တဖြည်းဖြည်း အ အ လာတယ်
ကောင်မလေးရေ
အဲဒီညနေကပေါ့
ရိုမီယိုက ငါ့ကို ဓားတလက်ပေးတယ်
ရင်နိမ့်ရာ လှံစိုက်ချင်တဲ့
ခေတ်သစ် သုဘဒ္ဒါရေ
အထပ်ထပ်သေခဲ့တဲ့ ငါ့ဝိဥာဉ်ဟာ
ဂျူးလိယက် မပန်ခဲ့ရတဲ့ ပန်းသစ္စာကွဲ့
နောင်တချိန်
ငါ့ အရိုးစုကို မင်းမြင်တဲ့အခါ
မျက်လွှာကို မချလိုက်ပါနဲ့
ငါ့ရင်မှာ နံရိုးတချောင်း ဟာနေတယ်
ချီရွန် ( ပုလဲ )
ဘယ်သူပြောလဲ
ဒီနှုတ်ခမ်းတွေက
အသည်းမခွဲတတ်ဘူးလို့
ချစ်သူ့ အသံကြားရုံနဲ့
ကံကို ယုံခဲ့တဲ့ ငါ
အလွမ်းတွေပေါ် ရဲရဲဝံ့ဝံ့ခြေချ
( နှလုံးသားက )
တဖြည်းဖြည်း အ အ လာတယ်
ကောင်မလေးရေ
အဲဒီညနေကပေါ့
ရိုမီယိုက ငါ့ကို ဓားတလက်ပေးတယ်
ရင်နိမ့်ရာ လှံစိုက်ချင်တဲ့
ခေတ်သစ် သုဘဒ္ဒါရေ
အထပ်ထပ်သေခဲ့တဲ့ ငါ့ဝိဥာဉ်ဟာ
ဂျူးလိယက် မပန်ခဲ့ရတဲ့ ပန်းသစ္စာကွဲ့
နောင်တချိန်
ငါ့ အရိုးစုကို မင်းမြင်တဲ့အခါ
မျက်လွှာကို မချလိုက်ပါနဲ့
ငါ့ရင်မှာ နံရိုးတချောင်း ဟာနေတယ်
ချီရွန် ( ပုလဲ )
တခုခုလိုနေသလိုပဲဗျ။ ဒါပေမဲ့ ဆက်မရေးတတ်တော့လို့ ဒီတိုင်းပဲ တင်လိုက်ပါတယ်။ :D
No comments yet