Friday, June 13, 2008
ထွက်ပေါက်
ဒီကဗျာက ကျွန်တော် ရေးထားတာ မဟုတ်ပါဘူး။ ညီလေး တယောက်ရဲ့ကဗျာပါ။ ကျွန်တော် မြန်မာကို ပြန်သွားရင် ကဗျာဆက်ရေးမဲ့ ဘလော့ဂါလောင်း တယောက်ပေါ့။ အခုကတည်းက ကြိုမိတ်ဆက်ပေးတာပါ။
“ ထွက်ပေါက် ”
ထင်းဖြစ်နေမှတော့
မီးလောင်ဖို့
ကြောက်မနေတော့ပါဘူး
ငါ့ဘ၀ကို ....
ငါမှ မပိုင်တာ
လောကကြီး အရသာရှိဖို့
ပြာဖြစ်လည်း နောင်တမရဘူး
ခင်ဗျားတို့
စဉ်းစားကြည့်လေ ...
မနက်ဖြန်ဆိုတာ
မနေ့ကမှ မဟုတ်တာ ..
လသာချင်လည်း သာမယ်
ကြယ်ကြွေတောင် ကောက်ခဲ့သေးတာပဲ ..
ဘ၀ကို
ကျိန်စာတိုက်တာထက်စာရင်
လောကကို
မျက်နှာသစ်တာကမှ ပိုကောင်းဦးမယ် ။
M1$$Yb0Y
ထင်းဖြစ်နေမှတော့
မီးလောင်ဖို့
ကြောက်မနေတော့ပါဘူး
ငါ့ဘ၀ကို ....
ငါမှ မပိုင်တာ
လောကကြီး အရသာရှိဖို့
ပြာဖြစ်လည်း နောင်တမရဘူး
ခင်ဗျားတို့
စဉ်းစားကြည့်လေ ...
မနက်ဖြန်ဆိုတာ
မနေ့ကမှ မဟုတ်တာ ..
လသာချင်လည်း သာမယ်
ကြယ်ကြွေတောင် ကောက်ခဲ့သေးတာပဲ ..
ဘ၀ကို
ကျိန်စာတိုက်တာထက်စာရင်
လောကကို
မျက်နှာသစ်တာကမှ ပိုကောင်းဦးမယ် ။
M1$$Yb0Y
No comments yet