Wednesday, June 18, 2008
ကြိုး
“ ကြိုး ”
စိတ်တူကိုယ်တူ မဟုတ်ပေမဲ့
စိတ်တူကိုယ်တူ ဆွဲခဲ့တဲ့ဆွဲကြိုးလေး
အလွမ်းချေးတွေ တက်နေပြီကွယ်
ဒူးထောက်ပေးခဲ့ပါတယ်
မျက်ရည်တွေ သိမ်းပေးခဲ့တယ်
ဒဏ်ရာတွေ သိုဝှက်ပေးခဲ့တယ်
ကမ်းလက်တွေ ရုပ်ပေးခဲ့တယ်
ကတိစကားတွေ မေ့ထားပေးခဲ့တယ်
ခေါင်းတော့ မော့ထားပါရစေ ချစ်သူရယ်
မင်းလည်တိုင်က ကိုယ့်ဆွဲကြိုးလေး
ဆေးမချယ်ဘဲ နက်မှောင်သွားတာကို
ကျေနပ်စွာ ငါ .... ငေးမောကြည့်ချင်လို့ပါ
ချီရွန် ( ပုလဲ )
စိတ်တူကိုယ်တူ မဟုတ်ပေမဲ့
စိတ်တူကိုယ်တူ ဆွဲခဲ့တဲ့ဆွဲကြိုးလေး
အလွမ်းချေးတွေ တက်နေပြီကွယ်
ဒူးထောက်ပေးခဲ့ပါတယ်
မျက်ရည်တွေ သိမ်းပေးခဲ့တယ်
ဒဏ်ရာတွေ သိုဝှက်ပေးခဲ့တယ်
ကမ်းလက်တွေ ရုပ်ပေးခဲ့တယ်
ကတိစကားတွေ မေ့ထားပေးခဲ့တယ်
ခေါင်းတော့ မော့ထားပါရစေ ချစ်သူရယ်
မင်းလည်တိုင်က ကိုယ့်ဆွဲကြိုးလေး
ဆေးမချယ်ဘဲ နက်မှောင်သွားတာကို
ကျေနပ်စွာ ငါ .... ငေးမောကြည့်ချင်လို့ပါ
ချီရွန် ( ပုလဲ )
ပုဂ္ဂလိက ခံစားချက်တခုပါ။ ကဗျာအသွင်ရေးထားပေမဲ့ ကဗျာဖြစ်ချင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရင်ထဲကို မြင်နိုင်မဲ့သူ ရှိရင်ပဲ ကျေနပ်ပါတယ်ဗျာ။
No comments yet