Monday, November 12, 2007
ကျွန်တော်နဲ့ Lovetoeternal
ဒီဘလော့ခ်လေးကို စရေးမယ်ဆိုတော့ ကျွန်တော်စဉ်းစားတယ် ။ အခုအချိန်မှာ ဘလော့ခ်တွေကို လူတိုင်းလိုလိုက လုပ်နေကြတာမလား ။ ဒီတော့ ပေါ်ပင် လိုက်လုပ်တယ် ဖြစ်မှာစိုးတယ် ။ ပြီးတော့ ကျွန်တော်က ပျင်းတော့ ပို့စ်တွေ မတင်နိုင်မှာလဲ စိုးတယ်လေ ။ ဒါပေမဲ့ ချစ်သူရဲ့ စိတ်ကူးချိုချို လေးတွေကို ပုံဖေါ်ပေးချင်တာရယ် ၊ နောက်တချက်က ကျွန်တော့်ရဲ့ ခံစားချက်တွေ ၊ ကဗျာလေးတွေကို သပ်သပ်ခတ်ခတ်လေး ဖြစ်စေချင်တာရယ်ကြောင့် လုပ်ဖြစ်ပါတယ် ။ ဒီ ဘလော့ခ်လေးကို ချစ်သူသက်တမ်း ၁ နှစ်ပြည့် အနေနဲ့ရော ကျွန်တော့်ရဲ့ အသက် ၂၆ နှစ် ပြည့်တဲ့ အထိမ်းအမှတ် အဖြစ်ရော အမှတ်တရ ဖွင့်လှစ်လိုက်ပါတယ် ။
No comments yet