Wednesday, November 21, 2007
ဘ၀ ဒိုင်ယာရီ
" ဘ၀ ဒိုင်ယာရီ "
အမေ
အမေ့သား ခရီးထွက်တော့
ဘ၀က အရုဏ်တက်စပေါ့ ......
တရွာဝင် တရွာထွက်
စာရိတ္တ ပျက်နေကြတော့
စိတ် အစာ မကျက်တာနဲ့
ကိုယ့်ကျော ကိုယ်သပ် နှုတ်ဆက်ခဲ့ ...
တမြို့ထွက် တမြို့ဝင်
အဆိပ်ပင် ရေလောင်း
ဥဒေါင်း အလယ် ကျီးစံပါယ် နေတာမို့
ခပ်ရို့ရို့ ဆုတ်ခွာ
သောကြာဖက် ခြေဦးလှည့်ခဲ့ ....
လွတ်တဲ့ငါး ကြီးတယ်ထင်
စလယ်ဝင် ဖင်မမည်းခင်က
သစ္စာတွေ ' ခြ ' စားနေတော့
နေမ၀င်ခင် အသော့နှင်ခဲ့ ပြန်ရော ..
ဘ၀ဆိပ်ကမ်းမှာ
ရန်သူကို လက်ကမ်း
မိတ်ဆွေကို ဓားထမ်း စောင့်နေသူတွေ
သိက္ခာ သိက္ခာနဲ့
ဝမ်းတထွာ အတွက် မိစ္ဆာဖက်နေသူတွေ
ရမ္မက် တခွက်နဲ့
ပန်းဦး ဖျက်နေသူတွေ
ငတေ ဘ၀မှာ
ဘယ်သူ သေသေ မာကြသူတွေ တွေ့ခဲ့ရ ....
ဒါနဲ့ပဲ
ကိုယ့်ကမ်း ကိုယ်ကပ်
အဇ္ဈတ္တ ညစ်ပတ်နေမှတော့
ကိုယ့်ဘ၀ ကိုယ်ခင်း
အတ္တ ဇာတ်သွင်းပြီး
ပရမတ္တ စာရင်းဖျက်
အပျက် အပျက်နဲ့
ဘ၀ ညဥ့်နက်ခဲ့ပြီ အမေ .....
ချီရွန် ( ပုလဲ )
အမေ
အမေ့သား ခရီးထွက်တော့
ဘ၀က အရုဏ်တက်စပေါ့ ......
တရွာဝင် တရွာထွက်
စာရိတ္တ ပျက်နေကြတော့
စိတ် အစာ မကျက်တာနဲ့
ကိုယ့်ကျော ကိုယ်သပ် နှုတ်ဆက်ခဲ့ ...
တမြို့ထွက် တမြို့ဝင်
အဆိပ်ပင် ရေလောင်း
ဥဒေါင်း အလယ် ကျီးစံပါယ် နေတာမို့
ခပ်ရို့ရို့ ဆုတ်ခွာ
သောကြာဖက် ခြေဦးလှည့်ခဲ့ ....
လွတ်တဲ့ငါး ကြီးတယ်ထင်
စလယ်ဝင် ဖင်မမည်းခင်က
သစ္စာတွေ ' ခြ ' စားနေတော့
နေမ၀င်ခင် အသော့နှင်ခဲ့ ပြန်ရော ..
ဘ၀ဆိပ်ကမ်းမှာ
ရန်သူကို လက်ကမ်း
မိတ်ဆွေကို ဓားထမ်း စောင့်နေသူတွေ
သိက္ခာ သိက္ခာနဲ့
ဝမ်းတထွာ အတွက် မိစ္ဆာဖက်နေသူတွေ
ရမ္မက် တခွက်နဲ့
ပန်းဦး ဖျက်နေသူတွေ
ငတေ ဘ၀မှာ
ဘယ်သူ သေသေ မာကြသူတွေ တွေ့ခဲ့ရ ....
ဒါနဲ့ပဲ
ကိုယ့်ကမ်း ကိုယ်ကပ်
အဇ္ဈတ္တ ညစ်ပတ်နေမှတော့
ကိုယ့်ဘ၀ ကိုယ်ခင်း
အတ္တ ဇာတ်သွင်းပြီး
ပရမတ္တ စာရင်းဖျက်
အပျက် အပျက်နဲ့
ဘ၀ ညဥ့်နက်ခဲ့ပြီ အမေ .....
ချီရွန် ( ပုလဲ )
No comments yet