Thursday, November 22, 2007
အဆက်အစပ်
" အဆက်အစပ် "
မိုးတွေ ပြိုဆင်းနေပြီ
မှောင် လိုက်တာကွယ်
အသိတွေ မမှီ မကမ်း
သုည တစ်လုံးတောင်
ဖမ်း မရခဲ့ဘူး
လွဲနေတဲ့ နားလည်မှု
ငါက...
အတုကိုပဲ
ခုံမင်နေသူ ပါတဲ့လား ?
်ငါ့နားမှာ
...ဘယ်သူမှ ....မရှိ
ပကတိ တိတ်ဆိတ်
အထီးကျန် ညမှာ
သင်းကွဲ မိစ္ဆာ တစ်ကောင်လို
ငါ အိပ်စက်ခဲ့ !
ကိုယ်ချင်းစာတယ် ဆိုတာ
ကိုယ်တိုင်ရတဲ့ သင်ခန်းစာ
ပြောမနေတော့ပါဘူး
ငါ့ဟာ ငါတောင်
လှောင်ချိုင့်စံ ကျားဖြစ်နေတော့
သစ္စာ တရား
....ခါးတယ်
ရူးတယ်ပဲ ဆိုဆို
ကိုယ့် နားရွက်ကိုယ်
ပြန်ပြန် လှည့် ကြည့်ရတာ
.....အခါခါ
ရပါတယ်လေ
မတွေ့ ဖြစ်ရင်လဲ
ရှိနေဆဲ ဆိုတဲ့ အသိ တခုနဲ့တင်
ကျေနပ်...
ငါ့ မှတ်တိုင်က
စိုက်မှ မစိုက်ရသေးဘဲ
အရှိုက်တော့ မထိတန်ကောင်းပါဘူး
.......ရေ
လွမ်းတယ် ......လွမ်းတယ်.....လွမ်းတယ် .....လွမ်း........
ချီရွန် ( ပုလဲ )
မိုးတွေ ပြိုဆင်းနေပြီ
မှောင် လိုက်တာကွယ်
အသိတွေ မမှီ မကမ်း
သုည တစ်လုံးတောင်
ဖမ်း မရခဲ့ဘူး
လွဲနေတဲ့ နားလည်မှု
ငါက...
အတုကိုပဲ
ခုံမင်နေသူ ပါတဲ့လား ?
်ငါ့နားမှာ
...ဘယ်သူမှ ....မရှိ
ပကတိ တိတ်ဆိတ်
အထီးကျန် ညမှာ
သင်းကွဲ မိစ္ဆာ တစ်ကောင်လို
ငါ အိပ်စက်ခဲ့ !
ကိုယ်ချင်းစာတယ် ဆိုတာ
ကိုယ်တိုင်ရတဲ့ သင်ခန်းစာ
ပြောမနေတော့ပါဘူး
ငါ့ဟာ ငါတောင်
လှောင်ချိုင့်စံ ကျားဖြစ်နေတော့
သစ္စာ တရား
....ခါးတယ်
ရူးတယ်ပဲ ဆိုဆို
ကိုယ့် နားရွက်ကိုယ်
ပြန်ပြန် လှည့် ကြည့်ရတာ
.....အခါခါ
ရပါတယ်လေ
မတွေ့ ဖြစ်ရင်လဲ
ရှိနေဆဲ ဆိုတဲ့ အသိ တခုနဲ့တင်
ကျေနပ်...
ငါ့ မှတ်တိုင်က
စိုက်မှ မစိုက်ရသေးဘဲ
အရှိုက်တော့ မထိတန်ကောင်းပါဘူး
.......ရေ
လွမ်းတယ် ......လွမ်းတယ်.....လွမ်းတယ် .....လွမ်း........
ချီရွန် ( ပုလဲ )
No comments yet