Monday, March 3, 2008

ဗလာကား


"ဗလာကား"

လင်းတ၀က် မှောင်တ၀က်
နေမ၀င်သေးတဲ့ ကောင်မလေး တခက်
အဲဒီညက
ကျွန်တော် ကင်းဗတ်စ်ပေါ် အိပ်ဖြစ်
အရုဏ်တွေ မြိုချရလွန်းလို့
နိစ္စဓူဝတောင် မေးထူးခေါ်ပြော
ကျွန်တော့လက်တွေ အရောင် ဆာနေဆဲ
ရင်ဘတ်က အတောင် တဖြန်းဖြန်း ခတ်နေပြီ
ဘောင်တွေ ခတ်မထားဘူး
ဆေးဆိုး ပန်းရိုက် မခင်းကျင်းချင်လို့
ရင်ခုန်သံ ၃၆၀ ဒီဂရီ လည်ပတ်
ပညတ် တစ်ခု ချ မကျွေး ပါရစေနဲ့
အဖြူထည်လေးပဲ ကောင်းတယ် ........

ချီရွန် ( ပုလဲ )

ပို့စ် အဟောင်းလေးပါဗျာ။ ဒါပေမဲ့ ကျွန်တော် အသစ်နဲ့ အဟောင်းလေးတွေ ပြန်တွဲပေးချင်တယ်။ မဖတ်ဖြစ်သေးသူတွေ အတွက်ရောပေါ့။ ခံစားပေးကြပါဦး။

No comments yet