Thursday, March 6, 2008

ဝင်ကစွပ်


“ ၀င်ကစွပ် ”

ယုံပါ
ကြုံတိုင်း ၀န်ခံခဲ့ပါတယ်
ဝင်ကစွပ် တစ်ကောင်ပါလို့

ဘယ်စာမျက်နှာ ဖတ်ဖတ်
အပ်ကြောင်းထပ် ရင်ခုန်သံ
ကာရန် မော်ဒန် အန်ချ
( ကျွန်တော့် ) ကဗျာ မှန်သမျှ
ဒဏ်ရာ ဗရပွ

ကော်ပီဝတ်စုံနဲ့ လူလုံးပြ
မျက်နှာဖုံး ခဏခဏလဲ
အန္ဓတို့ရဲ့ နက္ခတ်ပွဲမှာ
ကျွန်တော် ကဗျာဆရာပေါ့

ဒီလိုနဲ့
ရင်သေတ္တာအလှယ်
ညှီနံ့တွေ ထွက်လာမှ
ရစ်သမ် လမ်းပျက်ထဲ
သွေးသံရဲရဲ ပြေးဝင်ခဲ့

ယုံပါ
ကြုံတိုင်း ၀န်ခံခဲ့ပါတယ်
ဝင်ကစွပ် တစ်ကောင်ပါလို့

ချီရွန် ( ပုလဲ )

No comments yet