Thursday, November 22, 2007

မျက်ကန်းတစ်ယောက်ရဲ့ သူရူးအိပ်မက်


" မျက်ကန်းတစ်ယောက်ရဲ့ သူရူးအိပ်မက် "

အဖြူနဲ့ အမည်းက
ဖရိုဖရဲ ဆန်လွန်းလှချည့်
မိုးပေါ်တက် မက်ခွင့် မရပေမဲ့
မြေကြီးမှာလဲ
ကောင်းကင် နက္ခတ် ဖူးတယ်
အနာဂတ်ကို တပိုင်းစာမူးတော့
သူရူးအိပ်မက်တွေ အန်ချ
အရောင် ကန်းကန်းညရေ
သက်တန့် ခြေလှမ်းတွေ
မြေစမ်း ခရမ်းပျိုးနေလေရဲ့ ...

ချီရွန် ( ပုလဲ )

No comments yet