Saturday, March 15, 2008

ရွှေငါး တစ်ကောင်ရဲ့ မယ်လိုဒီ


"ရွှေငါး တစ်ကောင်ရဲ့ မယ်လိုဒီ"

အပြိုင်းအရိုင်း ကူးခတ်တာတောင်
အတ္တမှန်ဆောင်က မလွတ်
လွတ်လပ်မှု ငတ်မွတ် တမ်းတ
ဆန္ဒတွေ အကျဉ်းကျခဲ့...
အောက်ဆီဂျင် အတု
အပူဓာတ် အတု
ရေမှော် အတု
အဆောင် အယောင် အတု
အထား အသို အတု
အစား အစာ အတု
အတု အတုတွေ စုစုပြီး
ယုယမှု အတုတွေ ချချပြ
ပသာဒ တခု အတွက်
ခန္ဓာ အလှကို စတေး
အလှမွေး ငါးတဲ့ .....
သွားစမ်းပါ
အလှပြရုံ သက်သက်
အိပ်မက်တွေ ခါးချိုး သတ်ဖို့
ရက်ရက် စက်စက်
ခင်ဗျား တို့မို့ လုပ်ရက်တယ် ။


ချီရွန် ( ပုလဲ )

No comments yet