Monday, November 12, 2007

Special Thanks


ဒီ ဘလော့ခ်လေး ဖြစ်လာဖို့ အတွက် ဘလော့ခ်ရေးဖြစ်ဖို့ စိတ်ကူးတွေ ထည့်ပေးခဲ့တဲ့ ချစ်သူ Pypi ၊ မအားတဲ့ကြားက ကျွန်တော် တောင်းဆိုသမျှ ၊ ဂျီကျသမျှ မငြိုမငြင် ကူညီပေးခဲ့တဲ့ ကိုမီထရို ၊ ၊ ကျွန်တော့်ရဲ့ ကဗျာတွေကို လာဖတ်ပြီး ဝေဖန်ပေးခဲ့တဲ့ သူငယ်ချင်းများ ၊ အရိုးရှင်းဆုံးက အဆန်းဆုံး အလှတရား ဆိုပြီး စာလုံးတွေ စောင်းခွင့်မပြုခဲ့တဲ့ Kthuyein ၊ ကျွန်တော် လေ့လာခဲ့တဲ့ မြန်မာဘလော်ဂါများ အားလုံး ( နာမည် ဖော်ပြရရင် နောက်ထပ် ဘလော့ခ်တောင် ရေးလို့ရတယ် ) ၊ သင်ဆရာ မြင်ဆရာ ကြားဆရာ ဆရာ့ဆရာများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ် ။ ကဗျာတွေကို ကြိုက်လို့ပဲ ဖြစ်ဖြစ် ၊ အပျင်းပြေပဲ ဖြစ်ဖြစ် ၊ မတော်တဆ ကြုံကြိုက်လို့ပဲ ဖြစ်ဖြစ် လာရောက် ဖတ်ရှုပေးတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်လျက် .............
ချီရွန် ( ပုလဲ )

No comments yet