Sunday, December 2, 2007

မျက်ကန်း ချစ်သူ


" မျက်ကန်း ချစ်သူ "

ကောင်မလေးရေ
တွေဝေမှုတွေ စားသုံးခဲ့လို့
နှလုံးသား တစ်ခုလုံး
ထစ်ချုန်းအောင် ငိုခဲ့ရပြီ....
ဘ၀မှာ နက္ခတ်တွေ ကြမ်းလွန်းလို့
ပျိုးမိတဲ့ ပန်းကို
နမ်းခွင့် မတောင်းခံခဲ့သူ
တမ်းတခြင်း မိုးတိမ်ကို
နတ်ဆိုးတွေ ကျိန်စာ တိုက်ပါစေတော့
အသည်းအသေကို ထမ်း
သုညလမ်းမှာ
ငါ .....
ရင်ခွင်အကန်းနဲ့ လျှောက်ပါ့မယ် ။

ချီရွန် ( ပုလဲ )

No comments yet