Thursday, December 6, 2007
ပန်းကလေးသို့
" ပန်းကလေးသို့ "
ဥယျာဉ်မှုးဆိုတာ
လူတစ်ဦးပဲကွာ
ပန်း ခူးချင်တာပေါ့ ....
ဒါပေမဲ့
ပန်းပျိုးတဲ့ လက်တွေမှာ
မာယာတွေ မပါဘူး
ရမ္မက်တွေ မပါဘူး
မျှော်လင့်ခြင်းတွေ မပါပါဘူး ပန်းရယ်
တော်ဝင်စံ ပင်ယံထက်က
ပန်းငယ်ရေ .....
တမ်းမွတ်ခြင်းတွေ မရှိခင်
ကိုယ်တို့ ဝေးကွာ လိုက်ကြပါစို့ရဲ့
တော်တော်ကြာ
အမည်းစက်ထင် နှလုံးသားကြောင့်
ပန်းပျိုးလက်တွေရဲ့ ရာဇ၀င်ထဲ
ကိုယ် တစ်ယောက်တည်း ....
ကြေကွဲ နေရပါဦးမယ် ။
ချီရွန် ( ပုလဲ )
ကျွန်တော် 4th year တုန်းက နံရံကပ်စာစောင်မှာ ဒုတိယဆု ရတဲ့ ကဗျာပါ ။ ဒီကဗျာ အတွက် သရုပ်ဖော် ပန်းချီ ဆွဲပေးခဲ့တဲ့ သူငယ်ချင်း မင်းဝေ ကို ဒီနေရာကပဲ ကျေးဇူးတင်ကြောင်း အမှတ်တရ ပြောလိုပါတယ် ။
ဥယျာဉ်မှုးဆိုတာ
လူတစ်ဦးပဲကွာ
ပန်း ခူးချင်တာပေါ့ ....
ဒါပေမဲ့
ပန်းပျိုးတဲ့ လက်တွေမှာ
မာယာတွေ မပါဘူး
ရမ္မက်တွေ မပါဘူး
မျှော်လင့်ခြင်းတွေ မပါပါဘူး ပန်းရယ်
တော်ဝင်စံ ပင်ယံထက်က
ပန်းငယ်ရေ .....
တမ်းမွတ်ခြင်းတွေ မရှိခင်
ကိုယ်တို့ ဝေးကွာ လိုက်ကြပါစို့ရဲ့
တော်တော်ကြာ
အမည်းစက်ထင် နှလုံးသားကြောင့်
ပန်းပျိုးလက်တွေရဲ့ ရာဇ၀င်ထဲ
ကိုယ် တစ်ယောက်တည်း ....
ကြေကွဲ နေရပါဦးမယ် ။
ချီရွန် ( ပုလဲ )
No comments yet