Thursday, December 13, 2007

ငါ မသိတဲ့ ငါ


" ငါ မသိတဲ့ ငါ "

ငါ..
ငါ...
ငါ နဲ့
ငါ လာလိုက်တာ
ရာစုနှစ်တွေ ခြောက်ခမ်း
သက္ကရာဇ်တွေ ပျံသန်းလို့
အဆုံးမဲ့ ခရီးမှာ
ပန်းတိုင် နီးပြီ
ငါဆိုတဲ့ ဝေါဟာရ
နောက်ဆုံး ငါ့ရဲ့ နှုတ်ခမ်းထဲ
မရဲတရဲ ၀င်ရောက်ခဲ့ပေါ့။
ငါ ဆိုတာ ဘာလဲ !!!
ငါ မသိ
ငါ နားမလည်
ဘာ..ငါလဲ
ဒုက္ခပဲ
တောင်တွေး မြောက်တွေး
ဟိုမေး ဒီမေး
နောက်ဆုံးလူ ငါ
ဘာမှ မသိတဲ့ လောကထဲက
ကံကြမ္မာကို ပိတ်ကန်
ငါ ပြန်ခဲ့တယ်
ငါ.............?????

ချီရွန် ( ပုလဲ )
ဒီကဗျာကလဲ အလွမ်းအိပ်မက် တက်ခေါက်သံ ကဗျာစာအုပ်ထဲကပါပဲ။ ၂၀၀၀ ခုနှစ်က ရေးထားတာပါ။

No comments yet