Thursday, December 20, 2007

အုံ့ပုံးမိုး


" အုံ့ပုံးမိုး "

ပြိုမလို ငိုမလိုနဲ့
ညိုတိုတို သူ့သွင်ပြင်
လွမ်းရိပ်တွေဆင်
ဒီဝဿန် သိင်္ဂါမိုး
သွန်းဖြိုးဖို့ ချိန်တန်
တံတိုင်းလေက ထန်
မုန်တိုင်းက ဆန်
ဖန်ဝါက မာန်ပျိုး
ညိုညင်သူ မုန်းဟန်နွဲ့သမို့
ငိုမိမှာစိုး ........

ချီရွန် ( ပုလဲ )
ကျွန်တော် အဋ္ဌမတန်းတုန်းက ရေးထားတဲ့ ကဗျာ။ ဒီကဗျာကို "အလွမ်းအိပ်မက် တက်ခေါက်သံ" မှာ ဖော်ပြခဲ့ပါတယ်။

No comments yet