Thursday, December 20, 2007
ကျွန်တော်နဲ့ စီဘောက်စ်
စီဘောက်စ်ဆိုတာ မီဒီယာ တခုလို့ပဲ ပြောရမယ် ထင်တယ်ဗျာ။ ကျွန်တော်က ကဗျာတွေကို ခံစားပြီးရင် ဝေဖန်မှုတွေကို အောက်မှာ ကော်မန့် ၀င်ပေး ၊ ကဗျာရေးသူနဲ့ ဖတ်သူ အမြင်ချင်း ညှိရအောင်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ စီဘောက်စ်ကို ဖျောက်ထားတယ်။ လင့်ခ်လေး ပေးထားပြီး ကွယ်ထားတာ တမင် လုပ်ထားခဲ့တာပါ။ အဲ ဟိုတနေ့က သူငယ်ချင်း တယောက်ကပြောတယ်။ မင်းဘလော့ခ်က ဘလော့ခ် မပီသဘူးတဲ့။ ဘာလို့လဲဆိုတော့ စီဘောက်စ် မရှိလို့တဲ့။ ဘလော့ခ်တခုမှာ ရေးသူနဲ့ ဖတ်သူ အပြန်အလှန် ပြောလို့ ရမဲ့ နေရာလေးတခု ထားရမယ်တဲ့။ တနည်းအားဖြင့် ပိုရင်းနီးတာပေါ့တဲ့။ ကျွန်တော်က ငါထားပေးတယ်လေ ဘော်ဘော်တို့ ပွားဖို့ ဆိုပြီးတော့ လုပ်ပေးထားတယ်ဆိုတော့ အဲဒါ စီဘောက်စ်လားတဲ့။ ငါက ချက်ရွမ်း တခုခု လင့်ခ် ပေးထားတယ် ထင်လို့တဲ့။ ကောင်းရော။ တကူးတက ကျွန်တော့် စီဘောက်စ်မှာ ရေးပေးတဲ့ သူငယ်ချင်းများကိုတော့ ပိုပြီး ကျေးဇူးတင်မိပါတယ် သူပြောလိုက်မှ။ ကျွန်တော့်ဆီ လာဖတ်တဲ့ သူတွေကို ဒုက္ခပေးတာ မဟုတ်ပါဘူးဗျာ။ ကျွန်တော်က ကဗျာကို ဝေဖန်စေချင်တဲ့ အတ္တနဲ့ လုပ်လိုက်တာ။ တချို့လူတွေနဲ့ကြ သိပ်ကီးမကိုက်ဘူး ဖြစ်သွားတယ် ထင်တယ်။ ပြီးတော့ ကျွန်တော့် ဘလော့ခ်ကို သိတဲ့လူ ဆိုတာက လက်တဖက်စာတောင် ရှိတာ မဟုတ်ဘူးလေ။ ကျွန်တော့်ကို လာအားပေး ဖတ်ရှုတဲ့ အစ်ကို ကိုမီထရို၊ kpz ၊ tu tu ၊ အိ ( နှင်းဆီဆူး ) ဒါက ကျွန်တော့် စီဘောက်စ်မှာ သူတို့ လာနှုတ်ဆက်သွားလို့ သိတာပါ။ တကူးတက လာအားပေးဖတ်ရှုလို့ ကျေးဇူးတင်ပါတယ်။ ကျန်တဲ့ နှုတ်မဆက်ဘဲ ပြန်သွားတဲ့သူတွေလဲ ကျေးဇူးပါ။ ဒီစာကို ဘယ်လို ခေါင်းစဉ် တပ်ရမှန်း မသိလို့ ကျွန်တော်နဲ့ စီဘောက်စ်လို့ပဲ တပ်လိုက်တယ်။
No comments yet