Tuesday, March 4, 2008
အလွမ်းည
" အလွမ်းည "
ကောင်မလေးရေ
မုတ်သုန်ကို မုတ်သုန်ဆန်အောင်
နည်းနည်း ဖြစ်ဖြစ်
ပြုံးပြစမ်းပါ
တမိုး အောက်မှာ
ငါ တယောက်တည်း
မိုးခေါင်နေလို့
ပန်ဒိုရာရေ
မင်းပိတ်လိုက်တဲ့ သေတ္တာထဲ
ချစ်သူ့ ရှက်ပြုံး ၀ဲဝဲလေး ပါသွားခဲ့လား
ငါ့ နားထဲမှာ
အိပ်မက်ခတ်သံ ကြားနေရ
နေပွင့်တဲ့ ညပါပဲကွယ် ။
ချီရွန် ( ပုလဲ )
ကောင်မလေးရေ
မုတ်သုန်ကို မုတ်သုန်ဆန်အောင်
နည်းနည်း ဖြစ်ဖြစ်
ပြုံးပြစမ်းပါ
တမိုး အောက်မှာ
ငါ တယောက်တည်း
မိုးခေါင်နေလို့
ပန်ဒိုရာရေ
မင်းပိတ်လိုက်တဲ့ သေတ္တာထဲ
ချစ်သူ့ ရှက်ပြုံး ၀ဲဝဲလေး ပါသွားခဲ့လား
ငါ့ နားထဲမှာ
အိပ်မက်ခတ်သံ ကြားနေရ
နေပွင့်တဲ့ ညပါပဲကွယ် ။
ချီရွန် ( ပုလဲ )
၁၈.၃.၀၅
No comments yet