Sunday, December 30, 2007

ချစ်သူငယ်လေးနဲ့ ချစ်နှစ်ပတ်လည် အမှတ်တရ


ဒီနေ့ ၃၀.၁၂.၀၇ ကျွန်တော်နဲ့ ကျွန်တော် သိပ်ချစ်ရတဲ့ ချစ်သူ Pypi တို့ရဲ့ ချစ်သက်တမ်း ၁ နှစ်ပြည့်တဲ့ နေ့ပါ။ ကျွန်တော့် ချစ်သူလေးကို ကျွန်တော် အင်မတန် မြတ်နိုးတန်ဖိုး ထားပါတယ်။ အရမ်းလဲ ချစ်တယ်။ ကြော်ငြာဝင်တာ မဟုတ်ပါဘူးဗျာ။ တကယ်တော့် သူနဲ့ ကျွန်တော် အခက်အခဲ အမျိုးမျိုးကြားက ချစ်ရတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ဒီလို ချစ်သက်တမ်း ၁ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း များစွာတိုင် ကျွန်တော်တို့ ချစ်ခရီးလမ်း သာယာစေဖို့၊ ကျွန်တော်တို့ ချစ်သူ ၂ ဦး ထာဝရ အတူ ပေါင်းဖက်သွားကြဖို့ ကျွန်တော် ဆန္ဒပြုပါတယ်။ ကျွန်တော်တို့ အမြဲတမ်း တယောက်အပေါ် တယောက်နားလည်ပြီး တယောက်နဲ့ တယောက် ချစ်မြတ်နိုးဖို့ဆိုတာ သိပ်အများကြီး မလိုပါဘူး။ ကျွန်တော် အောက်မှာ ကဗျာလေး ရေးထားတယ်။ အဲဒီ ကဗျာလေးကို ဖတ်ကြည့်ပေးပါဦးနော်။ ငယ်ရေ...ငယ်လေးကို ကိုကို အရမ်းချစ်တယ်။ ကိုကို့ အချစ်တွေက ငယ်လေး တယောက်တည်း အတွက်ပါ။


" ဘာလိုသေးလဲ "

နေနဲ့လ ကြားမှာ
နေ့နဲ့ည ရှိတယ်
ချစ်ခြင်းနဲ့ သစ္စာကြားမှာ
နင်နဲ့ငါ ရှိတယ်
ချစ်သူရယ်..
ဘာလိုသေးလဲ ?

ချီရွန် ( ပုလဲ )

No comments yet