Thursday, December 20, 2007

တစ္ဆေခြောက်တဲ့ ည


"တစ္ဆေခြောက်တဲ့ ည"

ကောင်မလေးရေ
ကိုယ်က အလိုမတူပါဘဲ
အိပ်မက်တွေက
မီးခိုး တလူလူ ဝေကြတယ်
လှပတဲ့ တစ္ဆေပြဇာတ်
အဖြူ အနက် မသဲကွဲ
ခေါင်းလောင်းသံ လက်သည်းတွေနဲ့
ရင်ဂူကို ဆွဲဖွင့်သွား....
မကြေကွဲချင်ပေမဲ့
( အဲဒီ ထောင်ချောက်တွေဆီ )
နင့်နင့်သည်းသည်း လျှောက်ပစ်လိုက်တယ်
မိုက်တယ်ပဲ ဆိုဆို
ငါ....
ဆောင်းဦးကို ကြိုချင်သေးတယ် ။

ချီရွန် ( ပုလဲ )
၆.၄.၀၅

No comments yet