Thursday, December 13, 2007
မွမ်းမံ လမ်းဆုံ
" မွမ်းမံ လမ်းဆုံ "
ငါ့ရဲ့ အနာဂတ် ဥယျာဉ်
တစပြင် တခုလို ခြောက်ကပ်
သွေးပျက်နေတဲ့ အ၀ါရောင်ရွက်ကြွေများ
ငါတို့ ........
သပ်သပ်ရပ်ရပ် မှားခဲ့ကြပြီကွယ်။
တခုခု ပြောပါ
ဥပမာ- အချစ်ဟာ
အမုန်းရဲ့ အမည်ကွဲတခုဆိုတာမျိုးပေါ့။
သမိုင်းကို ပြန်လှန်ကြည့်တော့
ကစဥ့်ကလျား သက္ကရာဇ်တွေ တွေ့ရ
ဖရိုဖရဲ သံစဉ်တွေ ကြားရ
မှုန်မှုန်မှိုင်းမှိုင်း နက္ခတ်တွေ ဖတ်ရ
ငါတို့....
မေ့မေ့မူးမူး ဖြတ်ကူးခဲ့ကြတယ်လေ။
သွေးအေးထားပါ
တကယ်တော့
ဆုံမှတ်ဆိုတာ
လမ်းခွဲတွေရဲ့ ပေါင်းစည်းရာပါပဲ ။
ချီရွန် ( ပုလဲ )
၂၉.၇.၀၅
ငါ့ရဲ့ အနာဂတ် ဥယျာဉ်
တစပြင် တခုလို ခြောက်ကပ်
သွေးပျက်နေတဲ့ အ၀ါရောင်ရွက်ကြွေများ
ငါတို့ ........
သပ်သပ်ရပ်ရပ် မှားခဲ့ကြပြီကွယ်။
တခုခု ပြောပါ
ဥပမာ- အချစ်ဟာ
အမုန်းရဲ့ အမည်ကွဲတခုဆိုတာမျိုးပေါ့။
သမိုင်းကို ပြန်လှန်ကြည့်တော့
ကစဥ့်ကလျား သက္ကရာဇ်တွေ တွေ့ရ
ဖရိုဖရဲ သံစဉ်တွေ ကြားရ
မှုန်မှုန်မှိုင်းမှိုင်း နက္ခတ်တွေ ဖတ်ရ
ငါတို့....
မေ့မေ့မူးမူး ဖြတ်ကူးခဲ့ကြတယ်လေ။
သွေးအေးထားပါ
တကယ်တော့
ဆုံမှတ်ဆိုတာ
လမ်းခွဲတွေရဲ့ ပေါင်းစည်းရာပါပဲ ။
ချီရွန် ( ပုလဲ )
၂၉.၇.၀၅
No comments yet