Saturday, December 29, 2007

ဖြူစင် ( evilsmile )


ဟိုတနေ့က ကျွန်တော့် ညီမလေး တယောက်က ကဗျာလေးတပုဒ် ပေးလာပါတယ်။ အဲဒီကဗျာလေးက တကယ့်ဖြစ်ရပ်မှန်လို့ ပြောပါတယ်။ နေ၀င်ရီရောအချိန် လမ်းလျှောက်လာတဲ့ ကောင်လေးတယောက်ပေါ့ဗျာ။ အဲဒီကောင်လေးက ကောင်မလေး အမိုက်စားလေး တယောက်ကို တွေ့တယ်။ အဲဒီမှာ မြင်မြင်ချင်း ခိုက်သွားတယ်တဲ့။ အဲဒါနဲ့ လိုက်ပြောရောတဲ့။ အဲဒီအချိန်မှာ အဲဒီ ငတလေးကို ( ငတိ မဟုတ်ပါ ) မျက်စောင်းထိုးနေတဲ့ ကောင်တကောင်ရှိတယ်။ အဲဒီကောင်ကတော့ မိုက်ကယ်ဒေါ့ တဲ့ခင်ဗျ။ ဒါနဲ့ပဲ လိုက်ဆွဲရော ဆိုပါတော့ဗျာ။ အဲဒါ ကောင်လေးလဲ ပြေးရင်း လွှားရင်းနဲ့ ချောက်ထဲ ပြုတ်ကျသွားတယ်တဲ့။ အဲဒီ အကြောင်းလေးကို ကျွန်တော့် ညီမလေး Evilsmile (၀ါ) ဖြူစင်မှ ခံစားရေးဖွဲ့ထားတဲ့ ကဗျာလေးပါ။ ခံစားပေးကြပါဦး.။


မှောင်မည်းခိုက်
မင်းက မိုက်
ငါက ကြိုက်
ခွေးက လိုက်
လဲတယ် ချိုင့်

ဖြူစင် ( evilsmile )

No comments yet