Tuesday, January 15, 2008

အပိုင်းအစများ


"အပိုင်းအစများ"

မိုးရွာတိုင်း ရေခံရအောင်
ငါက တိုင်ကီကြီးမှ မဟုတ်ဘဲကွယ်
အရုဏ်မတက်မဲ့ ညတွေအတွက်
သန်းခေါင်ထက် ညဥ့်နက်ပါတယ်
ငါကတော့ ခပ်ရိုးရိုးပဲတွေး
အချိန်ရဲ့ စတေးခံဘ၀မှာ
၂၄ နာရီ တရက်နှုန်း ပျင်းတယ်
ပြက္ခဒိန်ပင်အိုကြီးက
ရက်စွဲတွေ ခြွေခြွေချ
လေတိုက်တိုင်း ပါမသွားတဲ့
ဟောဒီ အပျင်းတွေကိုပဲ
ငါက သ သ နေမိရော
ကျေးဇူးပြုပြီး
နာရီလက်တံတွေ ဆွဲထားပေးပါ
ဖြစ်နိုင်မယ်ဆိုရင်
သက္ကရာဇ်တွေ ဆုတ်ဖြဲပစ်ချင်လို့.....

ချီရွန် ( ပုလဲ )
ကျွန်တော် ညလုံးပေါက်ရေးထားတဲ့ ကဗျာလေးပါ။ ဝေဖန်ပေးကြပါဦး

No comments yet