Thursday, January 17, 2008

အလိမ်ခံ ပုံပြင်များ၏ နောက်ဆက်တွဲ


" အလိမ်ခံ ပုံပြင်များ၏ နောက်ဆက်တွဲ "

မင်းကို ကြည့်ပြီး
ရယ်ရမှာတောင်.....
သနားတယ် .. ...
တုဆိုတဲ့ ကာရန်ကိုက်ဖို့
ခရုငါက လိုက်ခုန်ပေးရမတဲ့
နား နား ပြီးပဲ
ရယ်လိုက်ပါတယ် ဖားရယ်
ကြားဖူးသမျှလေး နားဆင်
အပြေးဘုရင် ယုန်
မင်းတို့ ပုံပြင်တွေကြောင့် ငပျင်းဖြစ်
လိပ်တို့ရဲ့ တတွေးခွက်ထဲ နစ်ခဲ့
အစစ်ကို ချစ်တယ်ဆိုတဲ့မင်း
ပုံပြင်ထဲက ထွက်ခဲ့တော့
ငါတို့...
မညာကြေး ကွဲလွဲရအောင်.....

ချီရွန် ( ပုလဲ )
ပေါက်ကရရေးထားတဲ့ ကဗျာလေးပါ။ မကောင်းရင်တော့ ခွင့်လွှတ်။

No comments yet