Sunday, January 27, 2008
ဘယ်မှာ
“ ဘယ်မှာ ...”
အသက်မပြည့်သေးတဲ့ ရင်ခုန်သံအတွက်
ငါ့ နှလုံးသားကို ရွက်ကုန်လွှင့်
အချစ်စစ်က ကမ်းပျောက်နေတာ
..........
ဆန်းတယ် ။
ဘယ်မှာမှ ကျောက်မချမိဘူး
မရေရော မျှော်လင့်ချက်နဲ့
ဘယ်ဘက် တံခါးတခုဆီ
ဗီးနပ်စ်ရဲ့ နက္ခတ်နဲ့ပဲ
ဝေေ၀၀ါးဝါး လှော်ကူးခဲ့တာပါ
တကယ်တော့
ရိုးသန့်တဲ့ အချစ်ကိုသာ မဆာလောင်ခဲ့ရင်
မီးပြတိုက်က ပုန်းမနေပါဘူးတဲ့
ကဲ ! ကွန်ပတ်စ်တွေ ထားခဲ့တော့
သီတင်းတပတ်မှာ
စနေဟာလဲ ရက်ရာဇာပဲဆိုတဲ့အကြောင်း
အမေ့ကို ပြောပြရဦးမယ်
စေတန်ကို သီချင်းဆိုပြရဦးမယ်
ဗေဒင်ဆရာကို လက်ဆွဲနှုတ်ဆက်ရဦးမယ်
“အေးကွာ သမုဒ္ဒရာကြီးမှ မဟုတ်ပါဘူး
ကော်ဖီခွက်မှာလဲ လှိုင်းရှိတာပေါ့ ”
မနက်ဖြန်လို
အိုခြင်းမရှိတဲ့ အင်္လကာ
လာမဲ့ ကြာသပတေးကျ
ခါးခဲ့တဲ့ နေ့စွဲ
အခါမဟုတ် နှင်းတွေဖွဲအောင်
ကိုယ့်ရှေ့က ဆောင်းပေါ် ခြေချလိုက်တော့
ရင်ခွင်ထဲမှာ ..
နှင်းသိပ်ချစ်တဲ့ ကဗျာတွေ
တ.. သဲ.. သဲ… ရွာ ....
ချီရွန် ( ပုလဲ )
“_” နဲ့ဖော်ပြထားတာကတော့ ဆရာတာရာမင်းဝေရဲ့ ကဗျာတပုဒ်ထဲက ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော် ရေးတဲ့စကားလုံး မဟုတ်ပါ။ ကိုယ်တိုင်ရေးသားတာ မဟုတ်တဲ့အတွက် “_” နဲ့ ပြထားပါတယ်။















No comments yet