Wednesday, January 30, 2008
အိပ်မက်ထဲကပုံပြင်
"အိပ်မက်ထဲကပုံပြင်"
စည်းရိုးတွေ ခိုင်ခံ့နေမှတော့
မျက်ဝန်းလေး တစွန်းတစတောင်
ကျုးကျော်ခွင့်မရခဲ့ .... ...
ကိုယ့်တဖက်တည်းလေးလံ
ရာသီတွေ အခေါ်အဝေါ်ပြောင်း
ကိုယ့်မှတ်တိုင်လေးက မိုးစိုဆဲ
သက္ကရာဇ်နဲ့အတူ ဘ၀က
အပြိုပြို အလဲလဲ ... ...
မျက်လွှာလေးအ၀င့်မှာ
နှလုံးသားလေး လွင့်ကျရတာ အခါခါ
တနေရာနဲ့ တနေရာ အရွှေ့မှာတောင်
ပါးလျှပ်ခဲ့ရတဲ့ အဖြစ် ... ...
' မ ' က
သံယောဇဉ်ရဲ့ မြစ်ကျဉ်းလည်းဖြစ်
အိပ်မက်ထဲက ပုံပြင်လည်းဖြစ်
ဖောရိန်းမိတ် ပန်းသီးလည်းဖြစ်
နှလုံးသားရဲ့ နဂ္ဂတစ်ဟောင်းလည်းဖြစ်
ကျွန်တော့်ရင်ခွင်ရဲ့
နယ်ချဲ့ဘုရင်မလည်းဖြစ်ခဲ့ဘူးတယ် ..... ... ... ...
မင်းသစ်နီ
စည်းရိုးတွေ ခိုင်ခံ့နေမှတော့
မျက်ဝန်းလေး တစွန်းတစတောင်
ကျုးကျော်ခွင့်မရခဲ့ .... ...
ကိုယ့်တဖက်တည်းလေးလံ
ရာသီတွေ အခေါ်အဝေါ်ပြောင်း
ကိုယ့်မှတ်တိုင်လေးက မိုးစိုဆဲ
သက္ကရာဇ်နဲ့အတူ ဘ၀က
အပြိုပြို အလဲလဲ ... ...
မျက်လွှာလေးအ၀င့်မှာ
နှလုံးသားလေး လွင့်ကျရတာ အခါခါ
တနေရာနဲ့ တနေရာ အရွှေ့မှာတောင်
ပါးလျှပ်ခဲ့ရတဲ့ အဖြစ် ... ...
' မ ' က
သံယောဇဉ်ရဲ့ မြစ်ကျဉ်းလည်းဖြစ်
အိပ်မက်ထဲက ပုံပြင်လည်းဖြစ်
ဖောရိန်းမိတ် ပန်းသီးလည်းဖြစ်
နှလုံးသားရဲ့ နဂ္ဂတစ်ဟောင်းလည်းဖြစ်
ကျွန်တော့်ရင်ခွင်ရဲ့
နယ်ချဲ့ဘုရင်မလည်းဖြစ်ခဲ့ဘူးတယ် ..... ... ... ...
မင်းသစ်နီ
No comments yet