Tuesday, January 29, 2008

ဝင်္ကကချေသည်ကို ပြန်လည် အသက်သွင်းခြင်း


ဒါကတော့ ကျွန်တော်တို့ နောက်ဆုံးနှစ် ကျောင်းသား ဘ၀မှာ ထုတ်ခဲ့တဲ့ ကဗျာစာအုပ်လေးရဲ့ မျက်နှာဖုံးပုံပါ ခင်ဗျ။ ဒီစာအုပ်လေးမှာ တည်ညိမ်းကို၊ ချီရွန် ၊ ယွန်းသဲ့မိုး ၊ မင်းသစ်နီ လေးယောက်ပါဝင် ရေးသားခဲ့ကြပါတယ်။ အခု ကျွန်တော် ချီရွန်နဲ့ ကိုတည်ညိမ်းကို တို့ကတော့ ဘလော့ဂ်များ အသီးသီး ရှိတဲ့အတွက် ကျွန်တော် ကျန်တဲ့သူ နှစ်ယောက်ရဲ့ ကဗျာလေးတွေကိုပဲ အမှတ်တရ ပြန်လည် ဖော်ပြပေးပါ့မယ်။ ဒီစာအုပ်လေးမှာ ကျွန်တော် ရေးသားခဲ့တဲ့ ကဗျာတွေနဲ့ ကိုတည်ညိမ်းကို ရေးသားခဲ့တာတွေကို ကျွန်တော်တို့ရဲ့ ဘလော့ဂ်တွေမှာ နာမည်လေးတွေ ကြေညာပေးပါ့မယ် ခင်ဗျာ။ အခု ကျွန်တော် ဒီပုံလေး တင်ပေးလိုက်တာက ကျွန်တော်တို့ရဲ့ ရင်ခုန်သံလေးကို ပြန်လည်ခံစားမိတာရယ် အဲဒီအချိန်က လေးယောက်သား ဒုက္ခခံပြီး စာအုပ်လေး မပြီးမချင်း စာရိုက်ပေးနေတဲ့ သူရဲ့ ဘေးက မခွာဘဲ ထမင်းငတ်ခံခဲ့တာတွေရယ်ကို ပြန်လည် လွမ်းစွတ်တမ်းတပြီး အမှတ်တရ အနေနဲ့ ကျွန်တော့် ဘလော့ဂ် စာမျက်နှာမှာ တင်ပေးတာပါ ခင်ဗျာ။ ဒီမျက်နှာဖုံးပုံကို ကျွန်တော့် သူငယ်ချင်း မင်းဝေ မှ ရင်နဲ့ရင်းပြီး ဆွဲပေးထားတာပါ။ မင်းဝေ အခုထုတ်မဲ့ စာအုပ်လဲ ဆွဲပေးနော်။ ဟီးဟီး ..

No comments yet