Thursday, January 3, 2008
နှင်းဆီရောင်နှလုံးသားအကြောင်း
" နှင်းဆီရောင်နှလုံးသားအကြောင်း "
ငါ့ရဲ့ နှင်းဆီရောင် နှလုံးသားတစ်စုံဟာ မင်းအတွက် ဖန်ဆင်းထားတာပါ
ဘ၀ရဲ့ ခါးသီးမှုတွေကို မခံစားနိုင်တော့တဲ့ ငါ့နှလုံးသားလေးကို
မင်းရဲ့ အချစ်အောက်မှာ ခိုလှုံခွင့်ပေးပါ
ငါ့ရဲ့ နောက်ဆုံးထွက်သက်အထိ
ငါဟာ Pandora ရဲ့ သေတ္တာထဲက မျှော်လင့်ခြင်းလို့ မင်းက ပြောခဲ့တယ်နော်
တကယ်တော့ အဲဒီ မျှော်လင့်ခြင်းလေးဟာ
မင်းမျှော်လင့်မဲ့အချိန်ကို စောင့်နေခဲ့တာပါ။
မင်းထားခဲ့ရင်နေခဲ့ရမဲ့ ငါ့နှလုံးသားလေးကို
ပိုင်ဆိုင်ခွင့်ပေးထားတာ မင်းတစ်ယောက်တည်းကိုပါ
ငါဟာ မင်းရဲ့ အလိုတော် အတိုင်းပါ အရှင်သခင်
ငါ့ရဲ့နှလုံးသားလေးကို အသက်သွင်းခဲ့တာမင်းပါ
ငါ့ရဲ့ အချစ်ဟာ Juliet ရဲ့အချစ်လို ရာဇ၀င်မှာ မကျော်ကြားချင်ပေမဲ့
မင်းရဲ့ အချစ်သမိုင်းမှာတော့ ကြီးကျယ်မြင့်မြတ်ချင်ခဲ့တာပါ

PypiNge
ကျွန်တော့် ချစ်သူရေးပေးတဲ့ ကဗျာပါ။ ခံစားပေးကြပါဦး။
No comments yet