Saturday, February 2, 2008
ပုံပြင်ဆန်တဲ့သူ
“ပုံပြင်ဆန်တဲ့သူ”
တစ်ရာသီနဲ့ တစ်ရာသီ
သဘောထားတွေကွဲ
ဒီလိုနဲ့ .. ... .. လမ်းခွဲခဲ့ကြ ... ...
ဘယ်ရာသီနဲ့မှ မတည့်တဲ့ဆောင်း
သူဟာ ....
မိုးစက်တွေကို လွတ်အောင်ရှောင်တယ်
လေယူခပ်တိမ်းတိမ်းမှာ စကားစိမ်းဆိုကြ ...
ပန်းအိုရောင် တိမ်ပွင့်တဲ့ည
လူမသိ သူမသိ
နှင်းမှုံတွေနဲ့ လင်းအုံခဲ့ရ
“၇” ရက်မြောက် အိပ်မက်တွေပေမဲ့
မွှေးပျံ့စင်ကြယ်လို့ .....
နူးညံ့တဲ့ မနက်ဖြန်တွေ
အနာတရ ဖြစ်ခဲ့ပေမဲ့
ကျွန်တော့် ..
ကမ္ဘာဦးက ရုပ်ကြွင်းတွေလို
တန်ဖိုးတစ်ခုအတွက်
ဟောင်းနေခဲ့ရ ..
တခါတလေ
စံပယ်တွေကို
ရောင်စုံ ဖူးစေချင်သူ
လမ်းခွဲအရောက်မှာ
ဖောက်ထွက်ရမဲ့ မီးတောက်မို့
နည်းနည်းတော့ ကောက်မယ် .. ....
ယွန်းသဲ့မိုး
တစ်ရာသီနဲ့ တစ်ရာသီ
သဘောထားတွေကွဲ
ဒီလိုနဲ့ .. ... .. လမ်းခွဲခဲ့ကြ ... ...
ဘယ်ရာသီနဲ့မှ မတည့်တဲ့ဆောင်း
သူဟာ ....
မိုးစက်တွေကို လွတ်အောင်ရှောင်တယ်
လေယူခပ်တိမ်းတိမ်းမှာ စကားစိမ်းဆိုကြ ...
ပန်းအိုရောင် တိမ်ပွင့်တဲ့ည
လူမသိ သူမသိ
နှင်းမှုံတွေနဲ့ လင်းအုံခဲ့ရ
“၇” ရက်မြောက် အိပ်မက်တွေပေမဲ့
မွှေးပျံ့စင်ကြယ်လို့ .....
နူးညံ့တဲ့ မနက်ဖြန်တွေ
အနာတရ ဖြစ်ခဲ့ပေမဲ့
ကျွန်တော့် ..
ကမ္ဘာဦးက ရုပ်ကြွင်းတွေလို
တန်ဖိုးတစ်ခုအတွက်
ဟောင်းနေခဲ့ရ ..
တခါတလေ
စံပယ်တွေကို
ရောင်စုံ ဖူးစေချင်သူ
လမ်းခွဲအရောက်မှာ
ဖောက်ထွက်ရမဲ့ မီးတောက်မို့
နည်းနည်းတော့ ကောက်မယ် .. ....
ယွန်းသဲ့မိုး
No comments yet