Saturday, February 2, 2008

လရောင်ကို ငတ်မွတ်ခြင်း


“လရောင်ကို ငတ်မွတ်ခြင်း”

ခေါင်းလေးမော့လို့
အဝေးကိုမျှော်ကြည့်
လမင်းကို မထိတဲ့ရင်မှာ
မိုးတွေရွှဲလို့ ... ..
ရင်ဝှက်အလွမ်း တစ်ပုဒ်မှာ
ကြက်ခြေခတ် နေ့စွဲတွေ
တစ်ရွက်ပြီးတစ်ရွက်
ဒိုင်ယာရီမှာ စုတ်ပစ်လိုက်မယ် ... ..
ဒီတစ်ခါ လကွယ်ပြီးရင်တော့
ငါ့ရင်ကို ဟင်းလင်းဖွင့်ထားပါ့မယ်
နေ၀င် နေထွက်အကြား
မင်းသနားစိတ်ထားပြီး ရင်ပေါ်ကြွေမလားပေါ့
မျှော်လင့်ရင်းနဲ့ပဲ
ရင်ခုန်သံတိုးတိတ်
ချစ်သလား မေးရင်
ခေါင်းလေးပဲ ညိတ်ပြပါ ... ... ...

မင်းသစ်နီ

No comments yet