Monday, February 4, 2008
ငအ တယောက်ရဲ့ အပြုံးသီအိုရီ
“ ငအ တယောက်ရဲ့ အပြုံးသီအိုရီ ”
တခါက
စာခြောက်ရုပ် အပြုံးတွေကို
ယဉ်ကျေးစွာ မုန်းတဲ့သူတစ်ယောက် ရှိသတဲ့
လူတွေ့တိုင်း သွားဖြဲပြ
ရင်ထဲက မပါတဲ့ ခပ်ဟဟ နှုတ်ခမ်း
ညှီနံ့တွေနဲ့ လန်းတယ်
“ငါတွေးသည်
ထို့ကြောင့် ငါရှိသည်” တဲ့
ငါ ပြုံးသည်
ထို့ကြောင့် သူပြန်ပြုံးသည်
အပြုံးဟာ ပြောင်းပြန်အချိုးကျပါသလား ????
ငါကတော့ ငအပါ
ပြဿဒါးသုတ် မှန်ပြုံးတွေ ရိုက်ခွဲ
ဘယ်ညာလွဲ မှန်ကွဲစဟာ
လှေဝမ်းထဲက
ပြုံးနေတဲ့ ငါးခုံးမဖြစ်တယ်
ဒါနဲ့ပဲ
ပြဒါးမရှိတဲ့ မှန်ရှေ့ရပ်
( ကိုယ့်ကိုကိုယ် )
သေသပ်စွာ ပြုံးပြလိုက်တယ်
အပြုံးစောင့် ကဝေရေ
နှုတ်ခမ်းတလန် ပန်းတလန်နဲ့
ငါ့ကို ရန်တွေ့ပါ ..... .... ..... ... ...
ချီရွန် ( ပုလဲ )
"_" နဲ့ ရေးထားတာကတော့ ထုံးစံအတိုင်းပေါ့ဗျာ ကျွန်တော့်ရဲ့ စကားလုံး မဟုတ်ပါဘူး။ ပညာရှိတယောက် ပြောတဲ့ စကားလုံးပါ။ ငအလေးရဲ့ အပြုံးကို ခံစားပေးကြပါဦး။ =)
No comments yet