Sunday, February 10, 2008
သားကောင်သို့ အိတ်ဖွင့်ပေးစာ
“ သားကောင်သို့ အိတ်ဖွင့်ပေးစာ ”
ငြိမ်နေတဲ့ ပစ်မှတ်
ဟောဒီ ငါ့လက်နဲ့
တည့်တည့်လွဲအောင် ပစ်မယ်
ခြေရာကောက်မိတာက လွဲလို့
ရှင်းစင်ရိုးပတဲ့ သားကောင်အတွက်
ငါ့မျက်လုံးကို သူ့ရင်ထဲ ခင်းသိပ်
( သူရဲကောင်းမဟုတ်ပေမဲ့ )
သူရဲကောင်းစိတ်နဲ့ ....
ငါ့ အတိတ်ကို ချိုရာ ခတ်နှိပ်မယ်
ယုံစမ်းပါကွယ်
မုဆိုးနှလုံးသားမှာလဲ ၅၂၈ ထွန်းကားပါတယ်
ဗုံလုံတလှည့် ငါးပျံတလှည့် သမိုင်း
ကိုယ့်ရင်ထဲ မုန်တိုင်းထည့်ပြီး
ငြိမ်သက်ပြနေတာထက်စာရင်
ဟောဒီ မုဆိုးရိုင်းရဲ့ အချစ်က
ဖြူလက်သင်းပျံ့စွာ
လှ ....လိမ့် .... မယ် ....
ချီရွန် ( ပုလဲ )
ငြိမ်နေတဲ့ ပစ်မှတ်
ဟောဒီ ငါ့လက်နဲ့
တည့်တည့်လွဲအောင် ပစ်မယ်
ခြေရာကောက်မိတာက လွဲလို့
ရှင်းစင်ရိုးပတဲ့ သားကောင်အတွက်
ငါ့မျက်လုံးကို သူ့ရင်ထဲ ခင်းသိပ်
( သူရဲကောင်းမဟုတ်ပေမဲ့ )
သူရဲကောင်းစိတ်နဲ့ ....
ငါ့ အတိတ်ကို ချိုရာ ခတ်နှိပ်မယ်
ယုံစမ်းပါကွယ်
မုဆိုးနှလုံးသားမှာလဲ ၅၂၈ ထွန်းကားပါတယ်
ဗုံလုံတလှည့် ငါးပျံတလှည့် သမိုင်း
ကိုယ့်ရင်ထဲ မုန်တိုင်းထည့်ပြီး
ငြိမ်သက်ပြနေတာထက်စာရင်
ဟောဒီ မုဆိုးရိုင်းရဲ့ အချစ်က
ဖြူလက်သင်းပျံ့စွာ
လှ ....လိမ့် .... မယ် ....
ချီရွန် ( ပုလဲ )
ကျွန်တော့်ဆီလာလည်တဲ့ သူငယ်ချင်းများ ခင်ဗျာ ... ကျွန်တော် မအားလို့ ကဗျာ မတင်နိုင်တာ ခွင့်လွှတ်ပေးကြပါ။ အခု ကျွန်တော် ကဗျာလေး တင်ပေးပါတယ်။ အားလုံး ကျေနပ်မယ်လို့ ယုံကြည်မျှော်လင့်နေပါရစေ.. .. ..။
No comments yet