Sunday, February 10, 2008
ပျံသန်းမှုရဲ့ မာတိကာ
“ ပျံသန်းမှုရဲ့ မာတိကာ ”
ငါ့မနက်ခင်းလေးပေါ့
အရုဏ်ကို မြင်လိုဇောနဲ့
နောက်လိုက်တွေကို သော့မခတ်မိဘူး ... ...
မနေ့က ပုံပြင်တွေပြောတုန်းက
ငါ့ အလံလေးကို
ကြိုးလျှော့ ချထားခဲ့ရတယ် ... ..
မနက်ဖြန်ကိုသွားဖို့
လက်မှတ်တရွက်ကို
ရင်ဘတ်နဲ့ ဆက်ပြီး ဖြတ်ခဲ့ရတယ် .. ...
မက်ဖြစ်ခဲ့တဲ့
အိပ်မက်ဝတ်ရည်တည်စ
ပန်းတစ်ပွင့်အကြောင်း
ရင်မှာ ရှေးဟောင်းနှောင်းဖြစ်တွေ ဖြစ်လို့ ... ....
အိပ်မက်တွေ လွယ်ခဲ့
ဒုက္ခတွေ စိုခဲ့
ရင်ဘတ်က လောင်ကျွမ်းလို့
ငတ်မပြေတဲ့ ခရီးကိုပဲ
လျှောက်နေမိသူ
မင်းသစ်နီ
ငါ့မနက်ခင်းလေးပေါ့
အရုဏ်ကို မြင်လိုဇောနဲ့
နောက်လိုက်တွေကို သော့မခတ်မိဘူး ... ...
မနေ့က ပုံပြင်တွေပြောတုန်းက
ငါ့ အလံလေးကို
ကြိုးလျှော့ ချထားခဲ့ရတယ် ... ..
မနက်ဖြန်ကိုသွားဖို့
လက်မှတ်တရွက်ကို
ရင်ဘတ်နဲ့ ဆက်ပြီး ဖြတ်ခဲ့ရတယ် .. ...
မက်ဖြစ်ခဲ့တဲ့
အိပ်မက်ဝတ်ရည်တည်စ
ပန်းတစ်ပွင့်အကြောင်း
ရင်မှာ ရှေးဟောင်းနှောင်းဖြစ်တွေ ဖြစ်လို့ ... ....
အိပ်မက်တွေ လွယ်ခဲ့
ဒုက္ခတွေ စိုခဲ့
ရင်ဘတ်က လောင်ကျွမ်းလို့
ငတ်မပြေတဲ့ ခရီးကိုပဲ
လျှောက်နေမိသူ
မင်းသစ်နီ
ဝင်္ကကချေသည် ကဗျာစာအုပ်မှ
No comments yet