Tuesday, February 12, 2008
တနယ်တကျေး
“ တနယ်တကျေး ”
ချစ်သူရှိတဲ့ အရပ်ကို
ဆွေးဆွေးမြေ့မြေ့ ငေးကြည့်တော့
အလွမ်းတွေဝေနေတဲ့ လေထုထဲမှာ
နှလုံးသားတခုတွေ့တယ်
နှင်းဆီရိုးတံလေးတခုတွေ့တယ်
ဒီလိုပဲ ရင်ရိပ်နားမရှိတဲ့
မင်းအကြောင်းကွန်ပစ်တော့
အိပ်မက်အသေတွေ ရတယ်
မကျက်တကျက် အနမ်းတွေရတယ်
စုံတွဲသီချင်း တစ်ခြမ်းရတယ်
အလွမ်းခန်း မျက်ရည်မသုတ်ရဘဲ
ခပ်လွယ်လွယ်ခြောက်ကပ်ခဲ့
နေ့ရက်ဆက်ခဲ့မှုနဲ့ အတူ
တို့တွေ ဓာတ်အားပြတ်တောက်မှုက
သေချာလွန်းခဲ့ပြီ .... ... ... ... ..
မင်းသစ်နီ
ချစ်သူရှိတဲ့ အရပ်ကို
ဆွေးဆွေးမြေ့မြေ့ ငေးကြည့်တော့
အလွမ်းတွေဝေနေတဲ့ လေထုထဲမှာ
နှလုံးသားတခုတွေ့တယ်
နှင်းဆီရိုးတံလေးတခုတွေ့တယ်
ဒီလိုပဲ ရင်ရိပ်နားမရှိတဲ့
မင်းအကြောင်းကွန်ပစ်တော့
အိပ်မက်အသေတွေ ရတယ်
မကျက်တကျက် အနမ်းတွေရတယ်
စုံတွဲသီချင်း တစ်ခြမ်းရတယ်
အလွမ်းခန်း မျက်ရည်မသုတ်ရဘဲ
ခပ်လွယ်လွယ်ခြောက်ကပ်ခဲ့
နေ့ရက်ဆက်ခဲ့မှုနဲ့ အတူ
တို့တွေ ဓာတ်အားပြတ်တောက်မှုက
သေချာလွန်းခဲ့ပြီ .... ... ... ... ..
မင်းသစ်နီ
ဝင်္ကကချေသည် ကဗျာစာအုပ်မှ
No comments yet