Thursday, February 14, 2008
ချစ်သူငယ်လေးအတွက် ကဗျာ
“ ချစ်သူငယ်လေးအတွက် ကဗျာ ”
ဟောဒီ ဆောင်းရင်ငွေ့ကြားမှာပဲ
ကျွန်တော့်နံရိုးလေး ယိမ်းနွဲ့သက်ဝင်
အနာဂတ်ရဲ့ မမြင်ရသေးတဲ့
နှလုံးသား သခင်မဟာ
ချစ်မြတ်နိုးရတဲ့ သူမဖြစ်တယ်။
ကျွန်တော့်ရဲ့ တော်ဝင်ထိပ်ထားရေ
ရွှေအဆင်းဖြင့် တောက်ဖြိုးဝင်းလက်ပါ
ချစ်ခြင်းအားဖြင့် မျက်ဝန်းနက်အား မော်ဖူးခွင့်ပြုပါ
ငါကမ်းဆက်သော ခွာညိုခက်တို့ဖြင့်
အရှင့်ခြေဖမိုးအား မြင့်မြတ်ပါစေ
သင်၏ နှုတ်မြွက်ခြွေစကားတို့ဖြင့်
ချစ်မြတ်နိုးသူတို့ ဒဏ္ဍာရီအဆက်ဆက်ကို
နှလုံးသွေးဖြင့် ပျိုးပြက်ဝင်းမွတ်ပါစေ
ထို့နောက်တွင်ကား
သင်၏ နှုတ်ခမ်းပါးဖြင့် စီချယ်အပ်သော
သစ္စာအနမ်းမွန်လက်ဖြင့်
ကျွန်ုပ်၏ ရင်ကွက်လပ်ဖြည့်
ထိုသို့ဖြင့်
တသက်စာ အမှတ်ပြည့်ရပါစေအံ့
ချီရွန် (ပုလဲ)
ချစ်သူများနေ့ အမှတ်တရ ချစ်သူအတွက် ကဗျာလေးပါ။ ချစ်သူများနေ့မှာ အားလုံး ပျော်ရွှင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။
No comments yet