Friday, February 15, 2008

စာမေးပွဲလွန် ဘ၀များ


“ စာမေးပွဲလွန် ဘ၀များ ”

ဘ၀တစ်ခုကို ချိုးပြောင်းလိုက်ဖို့
ဘာကြောင့် ၁၅ နာရီနဲ့ လုံလောက်ခွင့်ပေးလိုက်ပါသလဲ
ဒီလိုနဲ့ သရုပ်ဆောင်တွေ လွဲခဲ့ကြ
ကံကြမ္မာရဲ့ အဓမ္မအကျင့်
ပညတ်ဆိပ်သင့်ရင်း မျက်စိမှိတ်
လူကွယ်မှ အခါးတွေ ကြိတ်ဝါးရ
အဲဒါ …
တို့ချစ်တဲ့ ဘ၀စုတ်ကြီးပေါ့ကွာ
ကလေးငယ်ရေ
လွတ်လပ်စွာ ငိုကြွေးစမ်း
ဘယ်ပင်လယ်မှ မင်းလောက် လွမ်းဇာတ်မနာဖူးဘူး
အပြောင်းအလဲကို နှစ်ခြိုက်တဲ့လောက
သဘာဝမကျစွာ ဟောင်းမြင်းလိုက်တာ
ဗီလိန်ဟာ ဗီလိန် …
ဇာတ်ပို့ဟာ ဇာတ်ပို့ ..
တစ်ဘ၀စာ အသုံးချဖျော်ဖြေလို့
ကျရာဆိုတဲ့ ခပ်ချာချာစာလုံးကြီးကိုပဲ
အရှက်နည်းစွာ ဖက်တွယ်ထား
ငါတို့ ….
ရိုဘော့တွေလားကွယ်
ကဲ ဘာပြောချင်သေးလဲ
ဘာမှ မပြောပါနဲ့တော့
အနူတောပဲ ဆိုဆို
မင်း လူချော ဖြစ်ဖို့တော့ လိုတယ်

ချီရွန် ( ပုလဲ )

စာမေးပွဲမှာ ခြေချော်လက်ချော် ဖြစ်ပြီး ပွတ်ကာသီကာ လွဲခဲ့ရသော ဘ၀တူများ အားလုံးသို့ .... ..... ....

No comments yet