Thursday, February 21, 2008
အမြင်နဲ့ အမြင့်
ကျွန်တော် စကားလေး နည်းနည်း ပြောချင်လို့ဗျာ။ ပြီးတော့ ရေးဖြစ်တဲ့ စာပိုဒ်တို ဒါမှမဟုတ်လည်း ၀တ္ထုငယ်လေးပေါ့ဗျာ။ အဲဒါလေးလည်း တင်ပေးမယ်။ ကဗျာတွေပဲ ရေးဖြစ်ပေမဲ့ တခါတလေ အခုလို
စာသားလေးတွေ ရေးရတာလဲ ကျွန်တော် သဘောကျလို့ပါ။ ကဲ လိုရင်းကို မရောက်တော့ဘူး။ ဒီလိုဗျာ ကျွန်တော့် ဘလော့ဂ်ကို လာဖတ်တဲ့ သူငယ်ချင်းတွေ ကျွန်တော် စာလုံးပေါင်း မှားနေရင် ပြင်ပေးကြပါဗျ။ အဲဒါလေး ပြောချင်လို့။ ကျွန်တော်က မြန်မာ စာလုံးပေါင်း သတ်ပုံနဲ့ ပတ်သတ်ရင် မှန်ချင်ပါတယ်။ မြန်မာ ဖြစ်ပြီး မြန်မာစာကို သတ်ပုံတောင် မမှန်ဘူးဆိုရင် ညံ့ရာကျတယ်လို့ ခံယူထားလို့ပါ။ ကျွန်တော် လုံးဝ ( လုံးဝ ) စိတ်မဆိုးတတ်ပါ။ ကိုယ်က မှားနေလို့ ပြင်ပေးသွားတာကို ကျေးဇူးတင်ကြောင်းပါ။ အမှားကို ၀န်ခံဖို့လဲ ၀န်မလေးပါဘူး။ ကျွန်တော့်ထက် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေပေါ့ဗျာ ပြောသွားပါ ထောက်ပြပေးပါ။ လူတိုင်း အမှားနဲ့ မကင်းပါဘူး။ ဒီတော့ ကျွန်တော့်ကို အားမနာဖို့ ပြောချင်တာပါ။ ချီရွန်ရေ ဒါတော့ မှားနေတယ် ဒီလိုဖြစ်ရမယ်။ ပြောပါ ရပါတယ်ဗျာ။ ကျွန်တော်က တမင်သက်သက် ( ကဗျာအတွက် စကားလုံးအား ) ယူပြီး ရေးထားတယ် ဆိုရင်လဲ ကျွန်တော် ပြန်လည် ရှင်းပြပေးသွားပါမယ်။ ပြီးတော့ လိုအပ်တာရှိရင်လဲ ဝေဖန်ပါ။ အကြံပေးပါ။ ကျွန်တော် အတတ်နိုင်ဆုံးတော့ မှန်အောင် ရေးပါတယ်။ ညီအစ်ကို မောင်နှမတွေ အားလုံးကိုလဲ သတ်ပုံနဲ့ ပတ်သတ်ရင် ဂရုစိုက်စေချင်ပါတယ်။ လိုအပ်ရင် ကျွန်တော့်ဆီမှာ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ရှိပါတယ်။ အခု တင်ပေးပါ့မယ်။ ဒီနေရာ မှာ သွားယူနိုင်ပါတယ် ခင်ဗျာ။ ကျွန်တော် အခုရေးထားတဲ့ စာလေးလည်း ဖတ်ကြည့်ပေးကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်။
“ အမြင်နဲ့ အမြင့် ”
ကောင်းကင်- ငါ အားလုံးကို မြင်တယ်။
သစ်ပင်အို- ငါ့ ပတ်ဝန်းကျင် တစ်ဝိုက် လှလိုက်တာ။
ကျောင်းသားလေးက ခေါင်းခါတယ်။ သူက စာတစ်ကြောင်းပဲ မြင်ပါတယ်။
“ မသေချာသော အမြင်ပေါင်းများစွာထက် တိကျသေချာသော အမြင်တစ်ခုက အမှန်နဲ့ ပိုနီးတယ်”
ချီရွန် ( ပုလဲ )
No comments yet