Saturday, February 23, 2008

အမြင်နဲ့ အမြင့် ( ၂ )


အမြင်နဲ့ အမြင့် ( )

ကျောင်းသားလေး - စာကြောင်းလေးရဲ့ အဓိပ္ပါယ်ကို ခပ်ဝါးဝါးသာ နားလည်ပါသတဲ့။
ဆရာ- စာကြောင်းရဲ့ အဓိပ္ပါယ်ကို နားလည်ပြီး သုံးသပ်နေတယ်တဲ့။
ပရောက်ဖက်ဆာ- စာကြောင်းရဲ့ အဓိပ္ပါယ်ကိုသာမက စာကြောင်း တစ်ကြောင်းလုံးရဲ့ အနှစ်သာရ၊ ဖွဲ့စည်းပုံ၊ စကားလုံးတွေရဲ့ တည်ရှိပုံ၊ အမြင်နဲ့ အမြင့် ကွာခြားချက်၊ နှိုင်းယှဉ်ချက်တွေ အကုန်လုံးကို သိမြင်ပါသတဲ့။
ကျောင်းသားလေး- ကျွန်တော်ကတော့ ကျောင်းသား တစ်ယောက်ပါ။ အမြင်ကို သေချာချင်သလို အမြင့်ရဲ့ အားသာမှုကိုလဲ အသုံးချတတ်ချင်ပါတယ်။

ချီရွန် ( ပုလဲ )

ကျွန်တော် အခု ဒီပို့စ်လေးကို ရေးနေတုန်းမှာပဲ အစ်ကိုဟယ်ရီက ကွန်မန့်ပေးလာပါတယ်။ ဘလော့မှာ မဟုတ်ဘဲ ကဗျာရွာမှာ ပေးတာဖြစ်လို့ ကျွန်တော် ဒီမှာ တင်ပေးပါမယ်။ ဘာလို့ အဲဒီလို တင်ပေးတာလဲ ဆိုတော့ ကျွန်တော်တို့ ၂ ယောက် အသက်အရွယ် အတွေ့အကြုံချင်း မတူပါဘူး။ ဒီတော့ ကျွန်တော့် အမြင်နဲ့ ကျွန်တော့်ထက် အများကြီး ပညာရော၊ အတွေ့အကြုံပါ ပိုသူရဲ့ အမြင်ကို နှိုင်းယှဉ်ကြည့်ပါ။ ဒါကြောင့် အဲဒီ ကွန်မန့်လေးကို ကျွန်တော် ဒီမှာ တင်ပေးလိုက်ပါတယ်။


Idea က ကောင်းပါတယ်။ Macro & Micro အမြင်နှစ်ခုပေါ့။ တစ်နည်းအားဖြင့် ပြောရရင်တော့ Overview နဲ့ Detailed view ပေါ့လေ။ အစ်ကို့ အမြင်ကတော့ နှစ်ခုလုံး ညီတူညာတူ အရေးကြီးတယ်လို့ မြင်တယ် ညီလေး။

( အစ်ကိုက ကျောင်းသားလေး မှ မဟုတ်တော့တာ :D )

Physicist တွေဆိုတာ မြို့ကြီးတစ်ခုကို လေယာဉ်ပျံပေါ်ကနေ ကြည့်တာတဲ့ ….. Birdeye’s view or Macro ပေါ့လေ။ Engineer တွေကတော့ အဲဒီမြို့ကြီးရဲ့ ရပ်ကွက်ထဲ လမ်းကြိုလမ်းကြားအထိ တစ်ခုချင်း ၀င်ကြည့်ရသတဲ့ …. Micro ပေါ့။ ဒါကြောင့်မို့ စကားတစ်ခုရှိတယ်။

“ The whole engineering is applied Physics ” တဲ့ … ….. .

အဲဒီတော့ ညီလေးရေ …… အင်ဂျင်နီယာအတွက်ကတော့ “မသေချာသော အမြင်အားလုံးထက် တိကျသေချာသော အမြင်တစ်ခုက အမှန်နဲ့ ပိုနီးတယ်” ဆိုတာ ဟုတ်ပါတယ်။ အစ်ကိုတို့ ပညာရပ်ရဲ့ သဘော သဘာဝကိုက အသေးစိတ် လိုက်ကြည့်ရတဲ့ အမျိုးကိုး ….. ဒါပေမဲ့ အားလုံးကို ခြုံငုံပြီး သုံးသပ်တတ်ဖို့ အတွက် Macro အမြင်မျိုးဟာလဲ လိုအပ်ပါတယ်။ အဲဒါကတော့ Management လို့ ခေါ်ပါတယ်။
ကျောင်းသားလေး (အဲဒီ ကျောင်းသားလေးက ချီရွန်ဆိုတဲ့ အင်ဂျင်နီယာ ကျောင်းသားငယ်လေးများလားမသိ) အနေနဲ့ကတော့ Macro မလိုသေးပေမယ့် အဲဒီ ကျောင်းသားလေးက “လူကြီး ” ဖြစ်လာပြီဆိုရင်တော့ လိုလာလိမ့်မယ်လေ …

အဲ …. Management က နေရာတကာ အသေးစိတ် ၀င်ပါနေပြီဆိုရင်တော့ အဲဒါ မှားနေပြီလို့သာ မှတ်ပေတော့ …….

Micromanagement ဆိုတာ မအောင်မြင်နိုင်ဘူး … အဲ …. လုပ်ငန်းငယ်လေးတွေ ( Small Business ) ကလွဲလို့ပေါ့ ..။

ဟယ်ရီ ( Harry 1968 )

No comments yet