Sunday, February 10, 2008
အလင်းငွေ့
“ အလင်းငွေ့ ”
ရင်ခွင်ထဲကလက်နဲ့
ဒီနေ့ ....
ကျွန်တော့် နေ ကို
ဂရုတစိုက်ထွက်ခဲ့ ....
မြေပြင်မှာလည်း
နေခြည်နုနုနဲ့တောင် မတည့်တဲ့
ပန်းတွေရှိတယ် .....
သူကတော့
ကြွေအိုရောင် နှင်းဆီတံတိုင်းမှာ
လိပ်ပြာနှင်ဖို့
မုတ်သုံကို စောင့်တယ် ....
ဒီလိုနဲ့ပဲ ...
သူ့ ကောင်းကင်တစ်ခုစာ
ကျွန်တော့်မှာ ညိုမှောင်ခဲ့ရ . .... ..
ချစ်သူ ....
စာတွေမသင်ဘဲ ကဗျာတွေသင်ပါ ...
ပြီးရင် .. .... သင့်နှလုံးသားကို
ကျွန်တော့် ဥယျာဉ်မှာထားပါ ... ..
ယွန်းသဲ့မိုး
ရင်ခွင်ထဲကလက်နဲ့
ဒီနေ့ ....
ကျွန်တော့် နေ ကို
ဂရုတစိုက်ထွက်ခဲ့ ....
မြေပြင်မှာလည်း
နေခြည်နုနုနဲ့တောင် မတည့်တဲ့
ပန်းတွေရှိတယ် .....
သူကတော့
ကြွေအိုရောင် နှင်းဆီတံတိုင်းမှာ
လိပ်ပြာနှင်ဖို့
မုတ်သုံကို စောင့်တယ် ....
ဒီလိုနဲ့ပဲ ...
သူ့ ကောင်းကင်တစ်ခုစာ
ကျွန်တော့်မှာ ညိုမှောင်ခဲ့ရ . .... ..
ချစ်သူ ....
စာတွေမသင်ဘဲ ကဗျာတွေသင်ပါ ...
ပြီးရင် .. .... သင့်နှလုံးသားကို
ကျွန်တော့် ဥယျာဉ်မှာထားပါ ... ..
ယွန်းသဲ့မိုး
ဝင်္ကကချေသည် ကဗျာစာအုပ်မှ
No comments yet