Monday, March 3, 2008
အရုဏ်ငတ်သော ညများ
“ အရုဏ်ငတ်သော ညများ ”
ခပ်သဲ့သဲ့ အပြုံးကြားက
ကျားမြူသော နှုတ်ခမ်းကွန်ယက်
ရမ္မက်ရောင် တစိုစိုနဲ့
ချိုတယ်
ကျဆုံးတော့မဲ့ အိပ်မက်ပျိုရဲ့
အညတြ ဆည်းဆာများ
သိုသိုသိပ်သိပ် မဲခွဲခံရ
ဒါ ... ... ... .. ..
ယောက်ျားတယောက်ရဲ့ ညတဲ့လား
ကဲ ထားပါလေ
အရုဏ်မတက်မဲ့ သိက္ခာ
ဖိတ်စာအတုနဲ့ ကင်ပွန်းပေး
လူ့အခွင့်အရေးလို့ ဆိုကြပါစို့
ကြို့ထိုးနေတဲ့ ကျုပ်ညအတွက်
အလင်းတစ်ခက်လောက်တော့ .... ...
ချီရွန် ( ပုလဲ )
ခပ်သဲ့သဲ့ အပြုံးကြားက
ကျားမြူသော နှုတ်ခမ်းကွန်ယက်
ရမ္မက်ရောင် တစိုစိုနဲ့
ချိုတယ်
ကျဆုံးတော့မဲ့ အိပ်မက်ပျိုရဲ့
အညတြ ဆည်းဆာများ
သိုသိုသိပ်သိပ် မဲခွဲခံရ
ဒါ ... ... ... .. ..
ယောက်ျားတယောက်ရဲ့ ညတဲ့လား
ကဲ ထားပါလေ
အရုဏ်မတက်မဲ့ သိက္ခာ
ဖိတ်စာအတုနဲ့ ကင်ပွန်းပေး
လူ့အခွင့်အရေးလို့ ဆိုကြပါစို့
ကြို့ထိုးနေတဲ့ ကျုပ်ညအတွက်
အလင်းတစ်ခက်လောက်တော့ .... ...
ချီရွန် ( ပုလဲ )
အိမ်ထောင်ရေး ဖောက်ပြန်ပြီး အဲဒါကို ယောက်ျားတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ လူ့အခွင့်အရေးလို့ ပြောလာတဲ့ သူတယောက် အတွက်ပါ။
No comments yet