Sunday, March 9, 2008
ကဗျာဝင်္ကပါ
“ ကဗျာဝင်္ကပါ ”
ဝင်္ကပါနဲ့ ကဗျာဆရာ
ခပ်ပါးပါး မာယာနံရံလမ်း
ဘယ်တခြမ်း သီအိုရီနဲ့
ညီအစ်ကို မသိတသိ ဆည်းဆာညီမှာ
ကိုယ့်ဦးနှောက်ကိုယ် လွှာပြီး
ဘာသာဗေဒအသေကျမ်း
သူတထမ်း ကိုယ်တထမ်း
နှလုံးသားတွေ ညှစ်ခြေပြီး
မီးကုန် ယမ်းကုန်
ပုံဖော်ကြသတဲ့
ဝင်္ကပါ ..... ......
မျက်လှည့်တောအုပ်တလျှောက်
ရည်ရွယ်ချက်တွေ လမ်းပျောက်လို့
ကဗျာဆရာကတော့
သူ့လက်နဲ့ ဖူးတဲ့ နွေမှာပဲ
ကဗျာလေရူးကြောင့်
ကြွေလွင့်ခဲ့ရသတဲ့ ..
ချီရွန် ( ပုလဲ )
ဝင်္ကပါနဲ့ ကဗျာဆရာ
ခပ်ပါးပါး မာယာနံရံလမ်း
ဘယ်တခြမ်း သီအိုရီနဲ့
ညီအစ်ကို မသိတသိ ဆည်းဆာညီမှာ
ကိုယ့်ဦးနှောက်ကိုယ် လွှာပြီး
ဘာသာဗေဒအသေကျမ်း
သူတထမ်း ကိုယ်တထမ်း
နှလုံးသားတွေ ညှစ်ခြေပြီး
မီးကုန် ယမ်းကုန်
ပုံဖော်ကြသတဲ့
ဝင်္ကပါ ..... ......
မျက်လှည့်တောအုပ်တလျှောက်
ရည်ရွယ်ချက်တွေ လမ်းပျောက်လို့
ကဗျာဆရာကတော့
သူ့လက်နဲ့ ဖူးတဲ့ နွေမှာပဲ
ကဗျာလေရူးကြောင့်
ကြွေလွင့်ခဲ့ရသတဲ့ ..
ချီရွန် ( ပုလဲ )
ကစားရင်း အမှတ်တရ ဖြစ်သွားတဲ့ ကဗျာပါ။ ဒီကဗျာလေးကတော့ အမြန်ဆုံး စံချိန်ပဲဗျ ၄ မိနစ်ကြာမြင့်ပါတယ် ရေးချိန်ပေါ့။ မကောင်းရင်တော့ သည်းခံကြစေလိုကြောင်း
No comments yet