Wednesday, March 12, 2008

နေရိပ်အလာ .....


နေရိပ်အလာ .....

တစ်နေ့မှာ အဘိုးအိုတယောက်ဟာ လမ်းလျှောက်ရင်း နေပူကျဲကျဲမှာ ရပ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ခဲ့တယ်။
အဘိုးအို- လူလေး ဘာလုပ်နေတာလဲ
ကောင်လေး-နေရိပ်အလာကို စောင့်နေတာပါ
အဖိုးအိုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ကောင်လေးကို သူ့လက်ကမ်းပေးလိုက်တယ်။ ပြီးတော့ အဖိုးအိုက လေးနက်တဲ့ စကားလေး တခွန်းကို ပြောလိုက်တယ်။
“ လူတွေဟာ နေပူကို ဖြတ်လျှောက်ပြီး နေရိပ်ကို သွားရင်ရရဲ့သားနဲ့ အပူခံပြီး ရပ်စောင့်နေကြတယ်။ ရှေ့ကို သွားတဲ့သူတွေနဲ့စာရင် ရပ်နေတဲ့သူဟာ နောက်ကို သွားနေတာနဲ့ အတူတူပဲ။ ”
ချီရွန် ( ပုလဲ )
ကိုယ့်ဘာကိုယ် တွေးမိတာလေးပါ။ အဲဒါမျိုးလေးတွေ မရေးတာကြာလို့ ရေးကြည့်တာပါ။ ဖတ်ကြည့်ကြပါဦး။

No comments yet