Friday, March 21, 2008

စိန်ခေါ်ပွဲ


" စိန်ခေါ်ပွဲ "

ယောက်ျားဖြစ်နေတော့လည်း
အိပ်ရေးပျက်ခံပြီး ထထထိုးရ
အဲဒီ စိန်ခေါ်မှုတွေကိုက
ဒွန်ကင်းနဲ့ အမျိုးတော်တယ်
ကြိုးဝိုင်းထဲရောက်တော့လည်း
သူတပြန် ကိုယ်တပြန်
တိုက်ကျွဲမှန်ရင်တော့ ချိုရာ ဘယ်ကင်းမလဲ အမေ
အမေကတော့ ပြောရှာတယ်
ဝဋ်ကြွေးတွေ မကုန်ပါလား ငါ့သားရယ်တဲ့
သားက ထိုးချင်လို့ မဟုတ်ပါဘူး အမေရယ်
မျက်လုံးတွေနဲ့ စိန်ခေါ်တယ်
စကားတွေနဲ့ စိန်ခေါ်တယ်
လက်အေးအေးတွေနဲ့ စိန်ခေါ်တယ်
စိန်ခေါ်တော့လည်း အမေရယ်
ပုဆိုးကြားက မဟုတ်တဲ့ လက်သီးတွေအတွက်တော့
အမေ့သား အဖေ့သွေးမို့
ရဲရဲနီစွေး ပါတယ် အမေ .. ... ...

ချီရွန် ( ပုလဲ )

No comments yet