Sunday, April 6, 2008
ဆဌမမောင်း
“ ဆဌမမောင်း ”
ကျောက်ခေတ်က သေခဲ့တဲ့
ရေခဲမြစ် တစ်စင်းပေါ့
သူ့ရင် အလည်တည့်တည့်
ရေမှော်ခက် စည်းရိုးကာရံ
ပဲ့တင်သံမကြားရတဲ့ သမိုင်းဆီ
မြေကြီးစလွယ်သိုင်း လျှောက်ခဲ့တယ်
အဲဒီ မနက်ပေါ့
ဝိဉာဉ်နှုတ်ထားတဲ့ နှင်းဆီက
သူ့ကိုယ်သူ အလမ္ပာယ်ပြ
ပွင့်ဖတ်မိုးတွေ ဖွေးခနဲ ရွာချလိုက်တယ်
တူဒမ်ခမန်နဲ့ မံမီတချို့ကတော့
ငါ့ကဗျာတွေကို ဆေးစိမ်
ကောင်းကင်အိမ်မှာ ချိတ်ဆွဲနေရဲ့
ဂစ်တာတလက်ကို ရေဖြန်းတဲ့အခါ
တုံဆိုတဲ့ ခပ်သဲ့သဲ့ ချမ်းပုံလို
ငါနဲ့ ငါ့ခဲတံလေး
ဟောဒီကဗျာတေးကိုပဲ
ကီးချိန်းဆိုရဦးမှာပေါ့လေ
ချီရွန် ( ပုလဲ )
ကျောက်ခေတ်က သေခဲ့တဲ့
ရေခဲမြစ် တစ်စင်းပေါ့
သူ့ရင် အလည်တည့်တည့်
ရေမှော်ခက် စည်းရိုးကာရံ
ပဲ့တင်သံမကြားရတဲ့ သမိုင်းဆီ
မြေကြီးစလွယ်သိုင်း လျှောက်ခဲ့တယ်
အဲဒီ မနက်ပေါ့
ဝိဉာဉ်နှုတ်ထားတဲ့ နှင်းဆီက
သူ့ကိုယ်သူ အလမ္ပာယ်ပြ
ပွင့်ဖတ်မိုးတွေ ဖွေးခနဲ ရွာချလိုက်တယ်
တူဒမ်ခမန်နဲ့ မံမီတချို့ကတော့
ငါ့ကဗျာတွေကို ဆေးစိမ်
ကောင်းကင်အိမ်မှာ ချိတ်ဆွဲနေရဲ့
ဂစ်တာတလက်ကို ရေဖြန်းတဲ့အခါ
တုံဆိုတဲ့ ခပ်သဲ့သဲ့ ချမ်းပုံလို
ငါနဲ့ ငါ့ခဲတံလေး
ဟောဒီကဗျာတေးကိုပဲ
ကီးချိန်းဆိုရဦးမှာပေါ့လေ
ချီရွန် ( ပုလဲ )
No comments yet