Friday, April 18, 2008
ချီရွန် ၁ နှစ်ပြည့် မွေးနေ့ လက်ဆောင်
" ချီရွန် ၁ နှစ်ပြည့် မွေးနေ့ လက်ဆောင် "
မနက်မိုးလင်း
ပျင်းနေတဲ့ စိတ်ကို
ရေချို လောင်းလိုက်တယ်
တခါတလေတော့
ဘ၀မှာ ကြီးရာက ငယ်ချင်သေးရဲ့
စကားပြောရင်
ငါတို့ ကြီးစဉ်ကပေါ့ကွာလို့
ဆံပင်မဲလေးနှုတ်
ကြီးမူပြန်မယ်
“ အပူအပင်ကင်းတဲ့ လူကြီးဘ၀ကို
တခါပြန်ပြီး ရချင်သေးတယ်” လို့ အော်ဆိုမယ်
သက်ငယ်နုပျို ပူဇော်ပွဲမှာ
ငါ ပါပါ့မလား တွေးမယ်
ခေတ်ကာလ လူကြီးတွေများ
တယ်ပြောရကြပ်ပါလား
ကလေးက ဒါလုပ်ဆို ဟိုဟာလုပ်တယ်
ဒီသွားဆို ဟိုသွားတယ်
ဆွဲထိုးလိုက်ရ မရှိတဲ့ သွားတွေ ကျွတ်ဦးမယ်
တဖြည်းဖြည်း နုပျိုလာလိုက်တာ
မကြာခင် ရောက်မဲ့ တနှစ်ပြည့်မွေးနေ့
တုတ်ကောက်နဲ့ လာမဲ့ မြေးမြစ်တွေ
ငါ့ဘ၀ နေပွင့်ချိန်အတွက်
သူတို့ ပေးမဲ့ လက်ဆောင်ဟာ
ငါ မျှော်လင့်တဲ့ ...... များ ဖြစ်ပါ့မလား
..... များ ဖြစ်ပါ့မလားကွယ် ... ....
ချီရွန် ( ပုလဲ )
ဒီကဗျာကို ဖတ်ပြီးသူများ ငချီရွန် အတွက် လက်ဆောင်များ အသီးသီး ပေးနိုင်ကြပါပြီ။ မျှော်လင့်ထားတဲ့ လက်ဆောင် ပေးနိုင်သူကိုမနက်မိုးလင်း
ပျင်းနေတဲ့ စိတ်ကို
ရေချို လောင်းလိုက်တယ်
တခါတလေတော့
ဘ၀မှာ ကြီးရာက ငယ်ချင်သေးရဲ့
စကားပြောရင်
ငါတို့ ကြီးစဉ်ကပေါ့ကွာလို့
ဆံပင်မဲလေးနှုတ်
ကြီးမူပြန်မယ်
“ အပူအပင်ကင်းတဲ့ လူကြီးဘ၀ကို
တခါပြန်ပြီး ရချင်သေးတယ်” လို့ အော်ဆိုမယ်
သက်ငယ်နုပျို ပူဇော်ပွဲမှာ
ငါ ပါပါ့မလား တွေးမယ်
ခေတ်ကာလ လူကြီးတွေများ
တယ်ပြောရကြပ်ပါလား
ကလေးက ဒါလုပ်ဆို ဟိုဟာလုပ်တယ်
ဒီသွားဆို ဟိုသွားတယ်
ဆွဲထိုးလိုက်ရ မရှိတဲ့ သွားတွေ ကျွတ်ဦးမယ်
တဖြည်းဖြည်း နုပျိုလာလိုက်တာ
မကြာခင် ရောက်မဲ့ တနှစ်ပြည့်မွေးနေ့
တုတ်ကောက်နဲ့ လာမဲ့ မြေးမြစ်တွေ
ငါ့ဘ၀ နေပွင့်ချိန်အတွက်
သူတို့ ပေးမဲ့ လက်ဆောင်ဟာ
ငါ မျှော်လင့်တဲ့ ...... များ ဖြစ်ပါ့မလား
..... များ ဖြစ်ပါ့မလားကွယ် ... ....
ချီရွန် ( ပုလဲ )
ချီရွန် ကဗျာပေါင်းချုပ် စာအုပ် လက်ဆောင် ပေးမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။ ဟဲဟဲ
No comments yet