Saturday, April 19, 2008
ကြိုးလွတ်သွားတဲ့ မနက်ဖြန်
“ ကြိုးလွတ်သွားတဲ့ မနက်ဖြန် ”
ကိုယ့်စိတ်ကိုယ် သိလို့
ပြတင်းတံခါးတွေ
ချိတ်ပိတ်ထားခဲ့မိတယ်
အမှားတွေ ၀င်လာမှာ စိုးထိတ်
ပြူတင်းကို ပိတ်တာမဟုတ်သလို
အမှန်ကို မကြိုဆိုချင်တာလည်း မဟုတ်ခဲ့ဘူး
ငါဟာ ပူလောင်မှုကိုမှ
မက်မက်မောမော လိုချင်ခဲ့
ဒါနဲ့ပဲ
ဘောင်ဘင်မခတ်အောင်
နှောင်ကြိုးတွေနဲ့ အိုးကိုဖြည့်
လွတ်လပ်မှုတွေသာ တမြေ့မြေ့
....... တမြေ့မြေ့
ဒီလိုမှန်းသိရင်
အစကတည်းက ဘောင်ဘင်မခတ်အောင်
ဘာမှ မဖြည့်ဘဲ ထားခဲ့မှာပေါ့ကွယ်
ကိုယ့်ကိုကိုယ်
ဘယ်လို စီရင်ချက်ချရမလဲ နွေ
ငါ့ နောက်က သုညတွေ မသေဖို့တော့
ငါ့ကိုယ်ငါ ကြိုးပြန်ဖြည် ပေးရဦးမယ်
ချီရွန် ( ပုလဲ )
ကိုယ့်စိတ်ကိုယ် သိလို့
ပြတင်းတံခါးတွေ
ချိတ်ပိတ်ထားခဲ့မိတယ်
အမှားတွေ ၀င်လာမှာ စိုးထိတ်
ပြူတင်းကို ပိတ်တာမဟုတ်သလို
အမှန်ကို မကြိုဆိုချင်တာလည်း မဟုတ်ခဲ့ဘူး
ငါဟာ ပူလောင်မှုကိုမှ
မက်မက်မောမော လိုချင်ခဲ့
ဒါနဲ့ပဲ
ဘောင်ဘင်မခတ်အောင်
နှောင်ကြိုးတွေနဲ့ အိုးကိုဖြည့်
လွတ်လပ်မှုတွေသာ တမြေ့မြေ့
....... တမြေ့မြေ့
ဒီလိုမှန်းသိရင်
အစကတည်းက ဘောင်ဘင်မခတ်အောင်
ဘာမှ မဖြည့်ဘဲ ထားခဲ့မှာပေါ့ကွယ်
ကိုယ့်ကိုကိုယ်
ဘယ်လို စီရင်ချက်ချရမလဲ နွေ
ငါ့ နောက်က သုညတွေ မသေဖို့တော့
ငါ့ကိုယ်ငါ ကြိုးပြန်ဖြည် ပေးရဦးမယ်
ချီရွန် ( ပုလဲ )
No comments yet