Monday, April 28, 2008
ညီမျှခြင်းလမ်းခွဲ
“ ညီမျှခြင်းလမ်းခွဲ ”
မျက်စိကို စုံမှိတ်ပြီး
မင်းနဲ့ငါ ခေါင်းညိတ်လိုက်ရအောင်
ဒါဟာ ...
မင်းနဲ့ငါ သဘောကွဲလွဲခြင်း သင်္ကေတ
အမှတ်တရတော့ ဖြစ်ကောင်းဖြစ်မယ်
ကြိုးလွတ်သွားတဲ့ စွန်တစင်း
မင်းနဲ့ငါ ခပ်ပျင်းပျင်း ထိုင်ကြည့်ဖူးတယ်
မြေပေါ်ကျနေတဲ့ မှောက်ဖဲတချပ်
တို့ခြေနှစ်ဖက်နဲ့ နင်းရပ်ခဲ့ဖူးတယ်
ရှေ့ဖြစ်ဟော ဆရာကြီးရှေ့
နှောင်းဖြစ်တွေ ပြောခဲ့ကြဖူးတယ်
တယောက်ပခုံး တယောက်ဖက်
နှစ်ယောက် တအိပ်မက် မက်ခဲ့ဖူးတယ်
ညီမျှခြင်းရဲ့ တဖက်တချက်
ကျောချင်းကပ် ရပ်မိမှ
လားရာမတူတဲ့ မျဉ်းပြိုင်သေတွေနဲ့
မာနတွေ အထားအသိုလွဲ
ဆုံမှတ်က လမ်းခွဲမှာ စတယ်
ဒါပါပဲ .. .. ..
မျက်စိကို စုံမှိတ်ပြီး
မင်းနဲ့ငါ ခေါင်းညိတ်လိုက်ရအောင်
ချီရွန် ( ပုလဲ )
မျက်စိကို စုံမှိတ်ပြီး
မင်းနဲ့ငါ ခေါင်းညိတ်လိုက်ရအောင်
ဒါဟာ ...
မင်းနဲ့ငါ သဘောကွဲလွဲခြင်း သင်္ကေတ
အမှတ်တရတော့ ဖြစ်ကောင်းဖြစ်မယ်
ကြိုးလွတ်သွားတဲ့ စွန်တစင်း
မင်းနဲ့ငါ ခပ်ပျင်းပျင်း ထိုင်ကြည့်ဖူးတယ်
မြေပေါ်ကျနေတဲ့ မှောက်ဖဲတချပ်
တို့ခြေနှစ်ဖက်နဲ့ နင်းရပ်ခဲ့ဖူးတယ်
ရှေ့ဖြစ်ဟော ဆရာကြီးရှေ့
နှောင်းဖြစ်တွေ ပြောခဲ့ကြဖူးတယ်
တယောက်ပခုံး တယောက်ဖက်
နှစ်ယောက် တအိပ်မက် မက်ခဲ့ဖူးတယ်
ညီမျှခြင်းရဲ့ တဖက်တချက်
ကျောချင်းကပ် ရပ်မိမှ
လားရာမတူတဲ့ မျဉ်းပြိုင်သေတွေနဲ့
မာနတွေ အထားအသိုလွဲ
ဆုံမှတ်က လမ်းခွဲမှာ စတယ်
ဒါပါပဲ .. .. ..
မျက်စိကို စုံမှိတ်ပြီး
မင်းနဲ့ငါ ခေါင်းညိတ်လိုက်ရအောင်
ချီရွန် ( ပုလဲ )
No comments yet