Wednesday, May 7, 2008

နွေမျက်ရည်


“ နွေမျက်ရည် ”

ချာတိတ်ရေ
ဆုံးရှုံးပြီဆိုတဲ့ အသိ
ဘယ်ရင်ခွင် တည့်တည့်ထိမှ
စနေနောင်တတွေ
တဘ၀စာ စွေခဲ့တယ်
တို့နှစ်ယောက်ရဲ့ လက်တွဲဖြုတ်ချိန်က
စကားတခွန်းနဲ့တင် ငြိမ်းချမ်း
ဟောဒီ မိုးဦးပန်းကိုက
နွမ်းချိန်စောခဲ့တာပါ
ငါ့ ရာဇ၀င် သက္ကရာဇ်က
နှစ်ထောင့်ရှစ် မိုးရာသီ
မှင်နီတွေ ဖွာရာကြဲ
လမ်းခွဲရက်စွဲမှာ
ငါ့ အချစ်က ငါ့ကို ညာတယ်
ချာတိတ်ရေ
တို့တွေ မေ့နေခဲ့တာပါ
တကယ်တော့
မိုးဦးပွင့်သီလေးတွေဟာ
နွေနှောင်းရဲ့ မျက်ရည်စတွေဆိုတာကိုပေါ့

ချီရွန် ( ပုလဲ )

ညီလေး ငမူးရဲ့ ချာတိတ်လေးနဲ့ ညနေ အမှတ်တရပေါ့ကွာ

No comments yet